နာဇရက်ဟု ခေါ်သော မြို့၌ နေထိုင်လေ၏။ သို့ဖြစ်၍ “ကိုယ်တော်ကို နာဇရက်မြို့သားဟု ခေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တို့၏ ဟောပြောချက်သည် ဖြစ်လာ၏။
မဿဲ 26:71 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ပေတရုသည် ဝင်းတံခါးဘက်သို့ ထွက်သွားသောအခါ အခြားအစေခံအမျိုးသမီးတစ်ဦးသည် သူ့ကို သတိပြုမိသဖြင့် အနား၌ရှိသောလူတို့အား “ဤသူသည် နာဇရက်မြို့သားယေရှုနှင့် အတူရှိခဲ့သည်” ဟု ဆို၏။ Common Language Bible အခြားအစေခံမကလေးတစ်ယောက်သည်သူ့ ကိုမြင်လျှင်ထိုနေရာတွင်ရှိသောသူတို့အား ``ဤ သူသည်နာဇရက်မြို့သားယေရှုနှင့်ပေါင်းဖော် သူဖြစ်၏'' ဟုဆို၏။ Garrad Bible ထို နောက် တံ ခါး ဝ သို့ ထွက် သည့် ကာ လ အ ခြား သော ကျွန် မ မြင်၍ ဤ သူ သည် နာ ဇ ရက် မြို့ သား ယေ ရှု နှင့် လိုက် ဘူး သူ ဖြစ် သည် ဟု အ နီး ရှိ သူ တို့ အား ဆို သော် Judson Bible ထိုနောက် ပေတရုသည် အိမ်ဦးရှေ့သို့ ထွက်ပြီးမှ အခြားသောမိန်းမသည် သူ့ကိုမြင်၍ ထိုအရပ်၌ရှိသော သူတို့အား၊ ဤသူလည်း နာဇရက်မြို့သားယေရှုနှင့် ပေါင်းဖော်သောသူ ဖြစ်သည်ဟု ဆိုလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဝင်းတံခါးဘက်သို့ထွက်သွားရာ အခြားအစေခံမိန်းမတစ်ယောက်သည် သူ့ကိုတွေ့သဖြင့် ထိုနေရာ၌ရှိသောသူတို့အား “ဤသူသည် နာဇရက်မြို့သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။ မြန်မာ ထိုနောက် ပေတရုသည် အိမ်ဦးရှေ့သို့ ထွက်ပြီးမှ အခြားသောမိန်းမသည် သူ့ကိုမြင်၍ ထိုအရပ်၌ရှိသော သူတို့အား၊ ဤသူလည်း နာဇရက်မြို့သားယေရှုနှင့် ပေါင်းဖော်သောသူ ဖြစ်သည်ဟု ဆိုလျှင်၊- |
နာဇရက်ဟု ခေါ်သော မြို့၌ နေထိုင်လေ၏။ သို့ဖြစ်၍ “ကိုယ်တော်ကို နာဇရက်မြို့သားဟု ခေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တို့၏ ဟောပြောချက်သည် ဖြစ်လာ၏။
သို့သော် ပေတရုက “သင်ပြောဆိုနေသည့်အရာကို ငါမသိပါ” ဟု ထိုသူတို့အားလုံးရှေ့၌ ငြင်းဆိုလေ၏။
ခဏကြာသော် အခြားတစ်ယောက်သည် ပေတရုကိုမြင်၍ “သင်သည်လည်း ထိုသူတို့ထဲမှ တစ်ယောက်ဖြစ်သည်” ဟု ဆို၏။ သို့သော် ပေတရုကလည်း “မိတ်ဆွေ… ကျွန်ုပ်မပါပါ” ဟု ငြင်းဆိုလေ၏။