သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသထွက်သူသည် အပြစ်စီရင်ခံရမည်။ တစ်စုံတစ်ဦးကို အသုံးမကျသောသူဟု ပြောဆိုလျှင် တရားလွှတ်တော်၌ အပြစ်ပေးခံရမည်။ တစ်စုံတစ်ဦးကို အရူးဟု ခေါ်ဆိုလျှင် သူသည် ငရဲသို့ချခံရမည်။
မဿဲ 26:59 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် တရားလွှတ်တော်တစ်ရပ်လုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် ယေရှုနှင့် ပတ်သက်သောအကြောင်းအရာကို လိမ်လည်ထွက်ဆိုမည့် သက်သေကို ရှာဖွေကြ၏။ Common Language Bible ယဇ်ပုရောဟိတ်ကြီးများနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည်သခင်ယေရှု အား သေဒဏ်ပေးနိုင်ရန်မဟုတ်မမှန်သောသက်သေ ကိုရှာကြ၏။- Garrad Bible ထို အ ခါ ပ ရော ဟိတ် ကြီး တို့ နှင့် လွှတ် တော် အ ရာ ရှိ ကြီး အ ပေါင်း တို့ သည် ယေ ရှု ကို ကွပ် မျက် ရ စေ ရန် မု သာ သက် သေ ရှာ၍ Judson Bible ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကိုသတ်ရမည်အကြောင်း မမှန်သောသက်သေကို ရှာသော်လည်း မတွေ့ကြ။- မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်အားလုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်ကိုဆန့်ကျင်ထွက်ဆိုမည့် မမှန်သောသက်သေကို ရှာကြ၏။ မြန်မာ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကိုသတ်ရမည်အကြောင်း မမှန်သောသက်သေကို ရှာသော်လည်း မတွေ့ကြ။- |
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသထွက်သူသည် အပြစ်စီရင်ခံရမည်။ တစ်စုံတစ်ဦးကို အသုံးမကျသောသူဟု ပြောဆိုလျှင် တရားလွှတ်တော်၌ အပြစ်ပေးခံရမည်။ တစ်စုံတစ်ဦးကို အရူးဟု ခေါ်ဆိုလျှင် သူသည် ငရဲသို့ချခံရမည်။
ထိုအချိန်တွင် ယဇ်ပုရောဟိတ်မင်းသည် ယေရှုကို တပည့်တော်တို့၏အကြောင်းကိုလည်းကောင်း၊ ယေရှု၏သွန်သင်ချက်များအကြောင်းကိုလည်းကောင်း စစ်ဆေးမေးမြန်း၏။
သို့ဖြစ်၍ သင်သည် ဤမေးခွန်းကို အဘယ်ကြောင့် ငါ့ကို မေးသနည်း။ ငါသည် မည်သို့ဟောပြောခဲ့သည်ကို ကြားနာသောပရိသတ်တို့ကို မေးမြန်းလော့။ ငါ့ဟောပြောချက်များကို သူတို့သိကြ၏” ဟု ဖြေတော်မူ၏။