မြည်းနှင့်မြည်းကလေးကို ခေါ်ဆောင်လာကြ၏။ ထို့နောက် သူတို့၏အဝတ်များကို မြည်းနှင့်မြည်းကလေးပေါ်၌ ခင်းပေးကြရာ ယေရှုသည်လည်း စီးတော်မူ၏။
မဿဲ 21:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အလွန်များပြားလှသောလူအုပ်ကြီးက မိမိတို့၏ အဝတ်များကို လမ်းပေါ်တွင်ဖြန့်ခင်းကြ၏။ တချို့က သစ်ကိုင်းသစ်ခက်တို့ကို ခုတ်၍ လမ်းပေါ်တွင် ဖြန့်ခင်းကြ၏။ Common Language Bible လူပရိသတ်တို့သည်လည်းမိမိတို့၏ဝတ်လုံ များကိုလမ်းပေါ်မှာဖြန့်ခင်းကြ၏။ လူအချို့ တို့သည်သစ်ပင်များမှအကိုင်းအခက်များ ကိုခုတ်၍လမ်းပေါ်မှာခင်းကြ၏။- Garrad Bible လူ ပ ရိ သတ် အ နက် အ များ တို့ သည် ခြုံ ထည် များ ကို လမ်း တစ် လျှောက် ခင်း လျက် အ ချို့ က သစ် ခက် သစ် လက် များ ကို ခုတ် ပြီး လျှင် စီ ခင်း ကြ၏။ Judson Bible အတိုင်းမသိ များစွာသောလူတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခက်များကို ခုတ်၍ လမ်း၌ခင်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အလွန်များပြားသောလူထုပရိသတ်သည်လည်း မိမိတို့၏ဝတ်ရုံများကို လမ်းပေါ်၌ခင်းကြ၏။ အချို့တို့မူကား သစ်ပင်တို့မှ အကိုင်းအခက်များကိုခုတ်လာ၍ လမ်းပေါ်၌ခင်းကြ၏။ မြန်မာ အတိုင်းမသိ များစွာသောလူတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခက်များကို ခုတ်၍ လမ်း၌ခင်းကြ၏။- |
မြည်းနှင့်မြည်းကလေးကို ခေါ်ဆောင်လာကြ၏။ ထို့နောက် သူတို့၏အဝတ်များကို မြည်းနှင့်မြည်းကလေးပေါ်၌ ခင်းပေးကြရာ ယေရှုသည်လည်း စီးတော်မူ၏။
လူတို့က မိမိတို့၏အဝတ်များကို လမ်းပေါ်တွင် ဖြန့်ခင်းကြ၏။ တချို့က တောမှ ခုတ်ယူခဲ့ကြသည့် သစ်ခက်သစ်ရွက်များကို လမ်းပေါ်တွင် ဖြန့်ခင်းကြ၏။
စွန်ပလွံခက်များကို ကိုင်ဆောင်လျက် ယေရှုကို ကြိုဆိုရန် ထွက်လာကြ၏။ ထိုသူတို့က “ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပါစေသော။ ထာဝရဘုရား၏ အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော။ အစ္စရေးတို့၏ရှင်ဘုရင်သည် မင်္ဂလာရှိပါစေသော” ဟု ကြွေးကြော်ကြ၏။