လူတစ်ဦးသည် သိုးတစ်ကောင်ထက် များစွာအဖိုးတန်သည် မဟုတ်လော။ ထို့ကြောင့် ဥပုသ်နေ့၌ ကောင်းမှုပြုခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသည်” ဟု မိန့်တော်မူ၏။
မဿဲ 21:45 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲတို့က ထိုပုံဥပမာကို ကြားသောအခါ ယေရှုသည် မိမိတို့အား ဆိုးသွမ်းသောစပျစ်ခြံလုပ်သားများအဖြစ် ရည်ညွှန်းပြောဆိုကြောင်း သဘောပေါက်ကြ၏။ Common Language Bible ကိုယ်တော်၏ပုံဥပမာများကိုယဇ်ပုရောဟိတ် ကြီးများနှင့်ဖာရိရှဲများကြားကြသောအခါ မိမိတို့ကိုရည်မှတ်၍မိန့်တော်မူကြောင်းသိ ကြ၏။- Garrad Bible ထို ဥ ပ မာ များ ကို ပ ရော ဟိတ် ကြီး နှင့် ဖာ ရိ ရှဲ တို့ ကြား ကြ သော် သူ တို့ နှင့် စပ်၍ မိန့် တော် မူ ကြောင်း ကို သိ မြင် သ ဖြင့် Judson Bible ထိုဥပမာစကားကို ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည် ကြားရလျှင်၊ မိမိတို့ကိုရည်ဆောင်၍ ဟောပြောတော်မူသည်ကို သိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲများသည် ကိုယ်တော်၏ပုံဥပမာကိုကြားလျှင် မိမိတို့အကြောင်းမိန့်တော်မူသည်ကို သိကြသဖြင့် မြန်မာ ထိုဥပမာစကားကို ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည် ကြားရလျှင်၊ မိမိတို့ကိုရည်ဆောင်၍ ဟောပြောတော်မူသည်ကို သိကြ၏။- |
လူတစ်ဦးသည် သိုးတစ်ကောင်ထက် များစွာအဖိုးတန်သည် မဟုတ်လော။ ထို့ကြောင့် ဥပုသ်နေ့၌ ကောင်းမှုပြုခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသည်” ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုသည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “နားထောင်ကြလော့။ လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန် ထွက်သွား၏။
ထိုကျောက်ပေါ်သို့ ကျသောသူသည် တစ်စစီကျိုးပဲ့လိမ့်မည်။ ထိုကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ ကျလျှင်လည်း ထိုသူသည် ညက်ညက်ကြေလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့သည် ယေရှုကို ဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့ကြ၏။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယေရှုကို ပရောဖက်တစ်ပါးကဲ့သို့ မှတ်ယူကြသောကြောင့်ဖြစ်၏။
ကျမ်းတတ်ပညာရှင်တစ်ဦးက “ဆရာတော်… ဤအရာများကို ဆရာဟောပြောသောအခါ ကျွန်ုပ်တို့ကိုပင် စော်ကားရာရောက်ပါ၏” ဟု လျှောက်လေ၏။
ကျမ်းတတ်ဆရာများနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယေရှုသည် မိမိတို့အား ရည်ညွှန်း၍ ဤပုံဥပမာကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကို ချက်ချင်းဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့ကြ၏။