ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှ သိမ်းယူ၍ နိုင်ငံတော်၏အသီးကို သီးသည့်လူများထံသို့ ပေးအပ်တော်မူလိမ့်မည်။
မဿဲ 21:42 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “ကျမ်းစာ၌ ‘တိုက်ဆောက်သောသူတို့ ပယ်ထားသည့်ကျောက်သည် အရေးပါသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။ ဤအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှုဖြစ်၏။ ငါတို့မျက်စိရှေ့၌လည်း အံ့ဖွယ်ဖြစ်၏’ ဟု ရေးထားသည်ကို သင်တို့ မဖတ်ဖူးကြသလော။ Common Language Bible သခင်ယေရှုက ``တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက်ဖြစ် လာရ၏။ ဤအမှုသည်ဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်တွင်အံ့သြဖွယ်ရာဖြစ်လေစွ' ဟူသောကျမ်းစကားကိုသင်တို့မဖတ်ဖူး ကြသလော။ Garrad Bible ယေ ရှု က လည်း တိုက် တည် ဆောက် သူ တို့ ပယ် ထား သော ကျောက် သည် ထောင့် စွန်း ကျောက် ဖြစ် လာ၏ ထို အ မှု အ ရာ သည် ထာ ဝ ရ ဘု ရား ထံ တော် မှ ဖြစ်၍ ငါ တို့ မျက် မှောက် တွင် အံ့ သြ ဖွယ် ဖြစ် သည် ဟု ကျမ်း စာ၌ မ ဖတ် ဘူး ကြ လော။ Judson Bible ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏။ ငါတို့ မျက်မှောက်၌လည်း အံ့ဩဖွယ်ဖြစ်၏ ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလော။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ ‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။ ဤအမှုသည် ထာဝရဘုရားအားဖြင့်ဖြစ်လာ၍ ငါတို့၏မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်၏’ဟု ကျမ်းစာထဲ၌ မဖတ်ဖူးကြသလော။ မြန်မာ ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏။ ငါတို့ မျက်မှောက်၌လည်း အံ့ဩဖွယ်ဖြစ်၏ ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလော။- |
ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှ သိမ်းယူ၍ နိုင်ငံတော်၏အသီးကို သီးသည့်လူများထံသို့ ပေးအပ်တော်မူလိမ့်မည်။
ကျမ်းစာ၌ ‘တိုက်ဆောက်သောသင်တို့ ပယ်ထားသည့်ကျောက်သည် ထောင့်ချုပ်ကျောက်ဖြစ်လာ၏’ ဟု ရည်ညွှန်းခံရသူမှာ ဤယေရှုပင်ဖြစ်၏။
ကျမ်းစာ၌ “ငါသည် ဆူးငြောင့်ခလုတ်ဖြစ်သော ကျောက်တုံးကို ဇိအုန်မြို့တွင် ချထား၏။ ထိုကျောက်သည် လူတို့ကို လဲကျစေလိမ့်မည်။ သို့သော် ထိုအရှင်ကို ယုံကြည်သောသူသည် အရှက်ရလိမ့်မည် မဟုတ်” ဟု ဖော်ပြထား၏။
သင်တို့သည် တမန်တော်များနှင့် ပရောဖက်များ၏ အုတ်မြစ်ပေါ်တွင် တည်ဆောက်သော အဆောက်အအုံကဲ့သို့ ဖြစ်ကြပြီး ယေရှုခရစ်တော်ကိုယ်တိုင်သည် ထောင့်ချုပ်ကျောက် ဖြစ်တော်မူ၏။