သို့သော် စပျစ်ခြံလုပ်သားများက သူ၏အစေခံများကို ဖမ်းချုပ်လျက် တစ်ဦးကိုရိုက်၍ တစ်ဦးကိုသတ်ကာ တစ်ဦးကို ကျောက်ခဲနှင့်ပေါက်ကြ၏။
မဿဲ 21:36 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် မြေရှင်သည် ယခင်ထက်ပို၍များသော အစေခံများကို စေလွှတ်လေ၏။ သို့သော်လည်း စပျစ်ခြံလုပ်သားများက သူတို့ကို ယခင်အတိုင်း ပြုမူကြ၏။ Common Language Bible ထိုနောက်ဥယျာဉ်ရှင်သည်ပထမအကြိမ်ထက် လုပ်သားများကိုပို၍စေလွှတ်၏။ သို့ရာတွင် ခြံသမားတို့သည်ထိုလုပ်သားများကိုလည်း ရှေးနည်းတူပြုကြပြန်၏။- Garrad Bible တစ် ဖန် ထို ထက် များ သော ကျွန် တို့ ကို စေ လွှတ် ပြန် ရာ အ ထက် နည်း တူ ပြု ကြ၏။ Judson Bible နောက်တစ်ဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းအတူပြုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်ဖန် ယခင်ထက် ပို၍များပြားသော အခြားအစေအပါးတို့ကို စေလွှတ်လိုက်ရာ ခြံသမားတို့သည် သူတို့ကိုလည်း ထိုနည်းတူပြုကြ၏။ မြန်မာ နောက်တစ်ဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းအတူပြုကြ၏။- |
သို့သော် စပျစ်ခြံလုပ်သားများက သူ၏အစေခံများကို ဖမ်းချုပ်လျက် တစ်ဦးကိုရိုက်၍ တစ်ဦးကိုသတ်ကာ တစ်ဦးကို ကျောက်ခဲနှင့်ပေါက်ကြ၏။
နောက်ဆုံးတွင် မြေရှင်က ‘ငါ့သားကိုမူ သူတို့လေးစားကြလိမ့်မည်’ ဟု တွေးလျက် မိမိသားကို စေလွှတ်လိုက်၏။
နောက်တစ်ဖန် သူသည် အခြားအစေအပါးတို့ကို စေလွှတ်၍ ‘ဧည့်ခံပွဲကို ငါပြင်ဆင်ထားပြီ။ နွားများနှင့် ဆူဖြိုးသောနွားကလေးများကိုလည်း သတ်ထားပြီ။ အရာအားလုံး အဆင်သင့်ဖြစ်ပြီ။ မင်္ဂလာဧည့်ခံပွဲသို့ လာကြပါဟူ၍ ဖိတ်ခေါ်ခံထားရသောသူများအား ပြောကြလော့’ ဟု မှာလိုက်ပြန်၏။