သို့သော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ယေရှုပြုသော အံ့ဖွယ်အမှုများကိုလည်းကောင်း၊ “ဒါဝိဒ်မင်း၏ သားတော်ကို ချီးမွမ်းကြပါစေသော” ဟု ဗိမာန်တော်၌ ကလေးငယ်များအော်ဟစ်ကြသည်ကိုလည်းကောင်း မြင်လျှင် ဒေါသထွက်ကြ၏။
မဿဲ 21:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဗိမာန်တော်၌ မျက်မမြင်များနှင့် ခြေမသန်သူများသည် ကိုယ်တော်ထံသို့ လာကြသော် ကိုယ်တော်သည် သူတို့အား ကျန်းမာစေတော်မူ၏။ Common Language Bible ဗိမာန်တော်တွင်မျက်မမြင်များနှင့်ခြေမစွမ်း မသန်သူများသည်အထံတော်သို့လာကြ၏။ ကိုယ်တော်သည်သူတို့၏ရောဂါများကိုပျောက် ကင်းစေတော်မူ၏။- Garrad Bible ထို နောက် မျက် မ မြင် သူ ခြေ ဆွံ သူ တို့ သည် ဗိ မာန် တော် တွင် ကိုယ် တော့် ထံ ချဉ်း ကပ် ကြ သည့် အ တိုင်း ကျန်း မာ စေ တော် မူ၏။ Judson Bible ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဗိမာန်တော်၌ မျက်မမြင်များနှင့်ခြေမသန်စွမ်းသူများသည် အထံတော်သို့လာကြရာ ကိုယ်တော်သည် သူတို့ကို အကောင်းပကတိဖြစ်စေတော်မူ၏။ မြန်မာ ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ၏။- |
သို့သော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ယေရှုပြုသော အံ့ဖွယ်အမှုများကိုလည်းကောင်း၊ “ဒါဝိဒ်မင်း၏ သားတော်ကို ချီးမွမ်းကြပါစေသော” ဟု ဗိမာန်တော်၌ ကလေးငယ်များအော်ဟစ်ကြသည်ကိုလည်းကောင်း မြင်လျှင် ဒေါသထွက်ကြ၏။
ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
ထို့နောက် ယေရှုသည် ထိုဒေသ၏ ရှိသမျှမြို့ရွာများသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအား သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်အားဖြင့် မည်သို့ဘိသိက်ပေးခဲ့ကြောင်းကိုလည်း သင်တို့သိကြ၏။ ဘုရားသခင်သည် ယေရှုနှင့် အတူပါရှိတော်မူသဖြင့် ယေရှုသည်လည်း ကောင်းမှုပြု၍ နတ်ဆိုးပူးသောသူများအား ပျောက်ကင်းကျန်းမာစေလျက် အရပ်ရပ်သို့ လှည့်လည်တော်မူ၏။