ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်။
မဿဲ 19:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့အတွက်ကြောင့် မိမိအိမ်များ၊ မြေများ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာကို စွန့်လွှတ်သောသူတို့သည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်။ Common Language Bible ထိုမှတစ်ပါးငါ့အတွက်ကြောင့်အိမ်၊ မြေ၊ ညီ အစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သားသမီးအနက် တစ်စုံတစ်ယောက်ကိုစွန့်သောသူသည်မိမိစွန့် သည်ထက်အဆတစ်ရာမျှအကျိုးကိုပြန် လည်ရရှိလိမ့်မည်။ ထာဝရအသက်ကိုလည်း ရလိမ့်မည်။- Garrad Bible ငါ့ နာ မ အ တွက် ကြောင့် ညီ အစ် ကို၊ မောင် နှ မ၊ မိ ဘ၊ သား သ မီး၊ အိမ် မြေ များ ကို စွန့် ခဲ့ သူ တိုင်း အ ဆ များ စွာ ပင် ထာ ဝ ရ အသက် ကို အ ပိုင် ရ လိမ့် မည်။ Judson Bible အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။ ထိုသူသည် အဆတစ်ရာ သောအကျိုးကို ရ၍ ထာဝရအသက်ကို အမွေခံရလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း ငါ၏နာမကြောင့် အိမ်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ၊ အဖကိုဖြစ်စေ၊ အမိကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ မြေယာများကိုဖြစ်စေ စွန့်သောသူတိုင်းသည် အဆတစ်ရာသောအကျိုးကိုခံစားရလျက် ထာဝရအသက်ကိုအမွေဆက်ခံရလိမ့်မည်။ မြန်မာ အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။ ထိုသူသည် အဆတစ်ရာ သောအကျိုးကို ရ၍ ထာဝရအသက်ကို အမွေခံရလတ္တံ့။- |
ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်။
ကောင်းသောမြေ၌ ကျသည့်မျိုးစေ့မှာ တရားစကားကို ကြား၍ နားလည်သဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်နှင့် အဆတစ်ရာ တိုးပွား၍ အသီးသီးသောသူကို ဆိုလိုသည်” ဟု မိန့်တော်မူ၏။
တချို့မှာ ကောင်းသောမြေ၌ ကျသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ တိုးပွား၍ အသီးသီးကြ၏။
မိမိအသက်ကို ကယ်တင်လိုသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက် အသက်ဆုံးရှုံးသောသူသည် အသက်ကို ရလိမ့်မည်။
ထိုအခါ လူတစ်ဦးသည် ယေရှုထံသို့ လာ၍ “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သည့်ကောင်းမှုကို ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
ထို့နောက် ရှင်ဘုရင်က သူ၏ လက်ယာတော်ဘက်၌ ရှိသောသူတို့အား ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတို့… လာကြလော့။ ကမ္ဘာတည်ကတည်းကပင် သင်တို့အဖို့ ပြင်ဆင်ထားသော နိုင်ငံတော်ကို အမွေဆက်ခံကြလော့။
ထို့ကြောင့် ထိုသူများသည် ထာဝရအပြစ်ဒဏ်ခံရသောနေရာသို့ သွားကြလိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သောသူတို့မှာမူ ထာဝရအသက်ရှင်ရာ နေရာသို့ သွားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ငါ့ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မဟုတ်မမှန်ဘဲအမျိုးမျိုးစွပ်စွဲပြောဆိုခြင်းတို့ကို ခံရသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။
ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို ဦးစွာ ရှာကြလော့။ သို့ပြုလျှင် သင်တို့လိုအပ်သော အရာအားလုံးကို ပေးတော်မူလိမ့်မည်။
“ငါ့ထံသို့လာသောသူသည် ငါ့ကိုချစ်သည်ထက် မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမများနှင့် မိမိအသက်ကို ပို၍ ချစ်သောသူဖြစ်လျှင် ထိုသူသည် ငါ့တပည့်မဖြစ်နိုင်။
ထိုအခါ သူတို့သည် လှေများကို ကမ်းခြေတွင် ဆိုက်ကပ်ပြီးလျှင် ရှိသမျှကို ထားခဲ့၍ ယေရှုနောက်သို့ လိုက်ကြ၏။
လူတို့သည် လူသားကြောင့် သင်တို့ကို မုန်းကြ၍ ဝိုင်းပယ်ကဲ့ရဲ့လျက် သင်တို့၏နာမည်ကို ဖျက်ကြသောအခါ၌လည်း သင်တို့သည် မင်္ဂလာရှိကြ၏။
သင်တို့သည် ဤလောကီနှင့် သက်ဆိုင်သူများဖြစ်ပါက လောကီသားတို့သည် မိမိတို့၏မိသားစုဝင်များကဲ့သို့ သင်တို့ကို ချစ်ကြလိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့် မသက်ဆိုင်။ ငါသည် သင်တို့ကို ဤလောကမှ ရွေးချယ်ထားသောကြောင့် လောကီသားတို့သည် သင်တို့ကို မုန်းကြ၏။
ရိတ်သိမ်းသူသည် လုပ်အားခကို ရ၏။ သူသည် ထာဝရအသက်အတွက် သီးနှံတို့ကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသူနှင့် ရိတ်သိမ်းသူတို့သည် အတူတကွ ဝမ်းမြောက်ကြလိမ့်မည်။
သူသည် ငါ့အမည်နာမကြောင့် မည်မျှဒုက္ခခံရမည်ကို ငါကိုယ်တိုင် သူ့အားပြမည်” ဟု မိန့်တော်မူ၏။
ထိုအရာမှာ ကျမ်းစာ၌ “မိမိကို ချစ်သောသူတို့အတွက် ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကို လူ့မျက်စိဖြင့် မမြင်၊ လူ့နားဖြင့် မကြား၊ လူ့စိတ်ဖြင့် မတွေးမိဖူးသေး” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်၏။
ထို့ကြောင့် ယခုမှစ၍ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ လောကီရှုထောင့်မှ အကဲမဖြတ်ကြတော့ပေ။ တစ်ချိန်က ကျွန်ုပ်တို့သည် ခရစ်တော်ကို လောကီရှုထောင့်မှ အကဲဖြတ်ခဲ့ကြသော်လည်း ယခုတွင်မူ ထိုသို့အကဲမဖြတ်ကြတော့ပေ။
ထိုမျှမက ကျွန်ုပ်၏ သခင်ယေရှုခရစ်တော်ကို ရင်းနှီးကျွမ်းဝင်ရခြင်း၏ ကြီးမားသည့်တန်ဖိုးနှင့်ယှဉ်လျှင် အရာအားလုံးကို အရှုံးဟူ၍ မှတ်ယူ၏။ ခရစ်တော်အတွက်ကြောင့် အရာအားလုံးကို အရှုံးခံ၍ ၎င်းတို့ကို မစင်ကဲ့သို့ မှတ်ယူ၏။ ဤအရာမှာ ခရစ်တော်ကို ရရှိရန်နှင့်
သင်တို့သည် ခရစ်တော်၏တပည့်တော်များဖြစ်သောကြောင့် ကဲ့ရဲ့ခံရလျှင် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့၌ ကိန်းဝပ်တော်မူသောကြောင့်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်ကို မကိုးကွယ်သောသူတို့ထံမှ မည်သည့်အကူအညီကိုမျှ မယူဘဲ သခင်ဘုရား၏နာမတော်အတွက် ခရီးပြုကြသောကြောင့်ဖြစ်၏။