တပည့်တော်တို့သည် ထိုစကားကို ကြားသောအခါ အလွန်အံ့အားသင့်လျက် “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
မဿဲ 19:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် သူတို့အား စူးစိုက်ကြည့်တော်မူ၍ “ဤအမှုကို လူမတတ်နိုင်ပါ။ သို့သော် ဘုရားသခင်သည် အရာအားလုံးကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုသည် သူတို့ကိုစိုက်ကြည့်တော်မူ လျက် ``လူသည်မိမိကိုယ်ကိုကယ်တင်ရန်မတတ် နိုင်။ ဘုရားသခင်မူကား အရာခပ်သိမ်းကိုတတ် နိုင်တော်မူ၏'' ဟုမိန့်တော်မူ၏။ Garrad Bible ဤ သို့ လူ မ တတ် နိုင်။ ဘု ရား သ ခင် မူ ကား အ ရာ ခပ် သိမ်း ကို တတ် နိုင် တော် မူ သည် ဟု ဖြေ ဆို တော် မူ ၏။ Judson Bible ယေရှုသည်လည်း သူတို့ကိုကြည့်ရှု၍ ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယေရှုသည် သူတို့ကိုစူးစိုက်ကြည့်လျက်“ဤအရာသည် လူတို့အတွက် မဖြစ်နိုင်သော်လည်း ဘုရားသခင်အတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုသည်လည်း သူတို့ကိုကြည့်ရှု၍ ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။ |
တပည့်တော်တို့သည် ထိုစကားကို ကြားသောအခါ အလွန်အံ့အားသင့်လျက် “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် အရာအားလုံးကို စွန့်၍ နောက်တော်သို့ လိုက်ကြပါပြီ။ ထိုအတွက်ကြောင့် မည်သည့်အကျိုးကို ရကြပါမည်နည်း” ဟု မေးလျှောက်လေ၏။
ယေရှုသည် သူတို့ကို စူးစိုက်ကြည့်တော်မူ၍ “ဤအမှုကို လူမတတ်နိုင်သော်လည်း ဘုရားသခင်တတ်နိုင်တော်မူ၏။ ဘုရားသခင်သည် အရာအားလုံးကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
ယေရှုကလည်း “လူ့အနေနှင့် မဖြစ်နိုင်သည့်အရာများကို ဘုရားသခင်တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
သို့ရာတွင် နောက်ပိုင်းတွင် သူတို့သည် ဘုရားသခင်ကို စွန့်၍ ကိုယ်တော်၏သားတော်ကို လက်ဝါးကပ်တိုင်တွင် တဖန်ရိုက်လျက် လူများရှေ့မှောက်တွင် ဂုဏ်သရေပျက်စေသောသူများ ဖြစ်သောကြောင့် သူတို့ကို နောင်တရစေရန် မဖြစ်နိုင်ပေ။