သို့သော် ယေရှုက “ကလေးငယ်များ ငါ့ထံလာပါစေ။ သူတို့ကို မတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံတော်ဖြစ်သည်” ဟု မိန့်တော်မူ၏။
မဿဲ 19:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကလေးငယ်များ၏ ခေါင်းပေါ်တွင် လက်တော်တင်၍ ကောင်းချီးပေးပြီးလျှင် ထိုနေရာမှ ထွက်ကြွတော်မူ၏။ Common Language Bible ကိုယ်တော်သည်ကလေးသူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ကောင်းချီးပေးတော်မူပြီး နောက်ထိုအရပ်မှထွက်ကြွတော်မူ၏။ Garrad Bible သူ ငယ် တို့ အ ပေါ် တွင် လက် တော် တင် ပြီး မှ ထွက် ကြွ တော် မူ၏။ Judson Bible သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်ပြီးလျှင်၊ ထိုအရပ်မှ ကြွသွားတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့အပေါ်၌ လက်တော်တင်ပြီးလျှင် ထိုနေရာမှ ကြွတော်မူ၏။ မြန်မာ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်ပြီးလျှင်၊ ထိုအရပ်မှ ကြွသွားတော်မူ၏။ |
သို့သော် ယေရှုက “ကလေးငယ်များ ငါ့ထံလာပါစေ။ သူတို့ကို မတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံတော်ဖြစ်သည်” ဟု မိန့်တော်မူ၏။
ထိုအခါ လူတစ်ဦးသည် ယေရှုထံသို့ လာ၍ “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သည့်ကောင်းမှုကို ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
ထို့နောက် ကိုယ်တော်သည် ကလေးငယ်များကို ပွေ့ချီကာ သူတို့ခေါင်းပေါ်၌ လက်တော်တင်၍ ကောင်းချီးပေးတော်မူ၏။
အဘယ်ကြောင့်ဆိုသော် မယုံကြည်သောခင်ပွန်းသည် မိမိဇနီးအားဖြင့် သန့်ရှင်းစင်ကြယ်ပြီး မယုံကြည်သောဇနီးသည်လည်း မိမိခင်ပွန်းအားဖြင့် သန့်ရှင်းစင်ကြယ်သောကြောင့်ဖြစ်၏။ သို့မဟုတ်ပါက သင်တို့၏ သားသမီးများသည် သန့်ရှင်းစင်ကြယ်မည်မဟုတ်။ ယခုတွင်မူ သန့်ရှင်းစင်ကြယ်ပြီဖြစ်၏။
ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရရန် လမ်းညွှန်သည့်ဉာဏ်ပညာကို သင့်အား ပေးနိုင်သော ကျမ်းစာတော်နှင့် သင်သည် ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်သည်ကို သင်သိ၏။