ထိုအခါ ယေရှုသည် ကြွလာတော်မူ၍ သူတို့အား လက်တော်နှင့်တို့ထိကာ “ထကြ။ မကြောက်ကြနှင့်” ဟု မိန့်တော်မူ၏။
မဿဲ 17:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် မော့ကြည့်သောအခါ ယေရှုမှလွဲ၍ မည်သူ့ကိုမျှ မမြင်ကြတော့ပေ။ Common Language Bible သူတို့သည်မော်၍ကြည့်လိုက်သောအခါသခင် ယေရှုမှတစ်ပါးအခြားအဘယ်သူကိုမျှ မတွေ့မမြင်ကြတော့ချေ။ Garrad Bible ယေ ရှု တစ် ပါး တည်း ပြင် မည် သူ့ ကို မျှ မ မြင် ချေ။ Judson Bible သူတို့သည် ကြည့်မျှော်သဖြင့်၊ ယေရှုတစ်ယောက်တည်း မှတစ်ပါး၊ အဘယ်သူကိုမျှ မမြင်ကြ။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မော့ကြည့်ကြရာ ယေရှုတစ်ပါးတည်းမှလွဲ၍ မည်သူ့ကိုမျှ မတွေ့မြင်ကြ။ မြန်မာ သူတို့သည် ကြည့်မျှော်သဖြင့်၊ ယေရှုတစ်ယောက်တည်း မှတစ်ပါး၊ အဘယ်သူကိုမျှ မမြင်ကြ။ |
ထိုအခါ ယေရှုသည် ကြွလာတော်မူ၍ သူတို့အား လက်တော်နှင့်တို့ထိကာ “ထကြ။ မကြောက်ကြနှင့်” ဟု မိန့်တော်မူ၏။
တောင်ပေါ်မှ ဆင်းလာကြစဉ် ယေရှုက “လူသားသည် သေခြင်းမှ မထမြောက်မီအထိ သင်တို့မြင်တွေ့ခဲ့ရသော ရူပါရုံကို မည်သူ့ကိုမျှ မပြောကြနှင့်” ဟု သူတို့အား မှာကြားတော်မူ၏။
ရုတ်တရက် တပည့်တော်တို့သည် ဘေးပတ်လည်သို့ ကြည့်သော် သူတို့နှင့်အတူ ယေရှုမှလွဲ၍ မည်သူ့ကိုမျှ မမြင်ကြတော့ပေ။
ထိုအသံတော် ထွက်ပေါ်ပြီးနောက် ယေရှုကိုသာ တွေ့မြင်ကြရ၏။ တပည့်တော်တို့သည် တွေ့မြင်သမျှတို့ကို ထိုကာလပတ်လုံး မည်သူ့ကိုမျှ ပြန်မပြောဘဲ လျှို့ဝှက်ထားကြ၏။