ထိုအခါ တပည့်တော်တို့က “ဧလိယသည် ခရစ်တော်ထက် စော၍ ကြွလာမည်ဟူ၍ ကျမ်းတတ်ဆရာများက အဘယ်ကြောင့်ပြောဆိုကြသနည်း” ဟု ယေရှုအား မေးလျှောက်ကြ၏။
မဿဲ 17:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ဧလိယသည် အမှန်တကယ်လာ၍ အရာအားလုံးကို ပြန်လည်တည်ထောင်လိမ့်မည်။ Common Language Bible ကိုယ်တော်က ``ဦးစွာပထမဧလိယသည်ကြွ လာ၍အမှုအရာခပ်သိမ်းကိုအသင့်ပြင်ဆင် ရမည်ကားမှန်၏။- Garrad Bible ကိုယ် တော် က ဧ လိ ယ သည် လာ၍ အ ရာ ခပ် သိမ်း ကို အ သစ် ပြု ပြင် ရ မည် မှန်၏။ Judson Bible ယေရှုက၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ဧလိယသည်လာ၍ အရာခပ်သိမ်းတို့ကို ပြန်လည်ထူထောင်မည်မှန်၏။ မြန်မာ ယေရှုက၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။- |
ထိုအခါ တပည့်တော်တို့က “ဧလိယသည် ခရစ်တော်ထက် စော၍ ကြွလာမည်ဟူ၍ ကျမ်းတတ်ဆရာများက အဘယ်ကြောင့်ပြောဆိုကြသနည်း” ဟု ယေရှုအား မေးလျှောက်ကြ၏။
သင်တို့အား ငါပြောဆိုသည်မှာ ဧလိယသည် ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့သည် သူ့ကို မသိကြဘဲ သူ့အပေါ် ပြုလိုသမျှပြုခဲ့ကြ၏။ ထိုနည်းတူ လူသားသည်လည်း သူတို့လက်အောက်တွင် ဒုက္ခခံရမည်” ဟု မိန့်တော်မူ၏။
ထို့နောက် တမန်တော်တို့သည် ယေရှုနှင့်အတူ စုဝေးကြစဉ်တွင် သူတို့က “သခင်ဘုရား… ယခုအချိန်သည် အစ္စရေးလူမျိုးတို့အား နိုင်ငံတော်ကို ပြန်လည်ပေးအပ်တော်မူမည့်အချိန်ဖြစ်ပါသလော” ဟု မေးလျှောက်ကြ၏။
ရှေးအခါကပင် သန့်ရှင်းသောပရောဖက်များအားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့ကို ပြန်လည်အသစ်ပြုပြင်မည့်အချိန်အထိ ထိုအရှင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူမည်။