ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
မဿဲ 16:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “သင်တို့ကမူ ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟု မေးတော်မူလျှင် Common Language Bible ကိုယ်တော်က ``သင်တို့ကမူငါ့ကိုအဘယ်သူဟု ဆိုကြသနည်း'' ဟုမေးတော်မူလျှင်၊ Garrad Bible သင် တို့ ကား ငါ သည် မည် သူ ဖြစ် သည် ဟု ဆို ကြ သ နည်း မေး မြန်း တော် မူ ပြန် သည့် ကာ လ၊ Judson Bible သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုက“သင်တို့မူကား ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း”ဟူ၍ မေးတော်မူလျှင် မြန်မာ သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊- |
ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
တပည့်တော်တို့က “တချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်၊ တချို့က ဧလိယ၊ တချို့က ယေရမိ၊ သို့မဟုတ် အခြားပရောဖက်တစ်ပါးပါး ဖြစ်သည်ဟူ၍ ဆိုကြ၏” ဟု လျှောက်ကြ၏။
ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
ထိုအခါ ယေရှုက “သင်တို့ကမူ ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟူ၍ မေးတော်မူလျှင် ပေတရုက “ကိုယ်တော်သည် ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
ထိုအခါ ယေရှုက “သင်တို့သည်လည်း ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟူ၍ မေးတော်မူလျှင် ပေတရုက “ကိုယ်တော်သည် ဘုရားသခင်၏ခရစ်တော် ဖြစ်တော်မူ၏” ဟု လျှောက်လေ၏။