ယေရှုသည် ထိုသတင်းကို ကြားသောအခါ ထိုနေရာမှ ထွက်ခွာ၍ လှေကို စီးလျက် ဆိတ်ငြိမ်သောအရပ်သို့ ကြွတော်မူ၏။ သို့သော် လူထုပရိသတ်တို့သည် ယေရှုကြွတော်မူကြောင်းကို ကြားသိသဖြင့် မြို့ရွာများမှထွက်၍ ကုန်းကြောင်းဖြင့် လိုက်ကြ၏။
မဿဲ 14:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညနေခင်းရောက်သောအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးသောအရပ်ဖြစ်ပြီး မိုးလည်းချုပ်ပါတော့မည်။ လူတို့သည် မြို့ရွာများသို့ သွား၍ စားစရာများဝယ်ယူနိုင်ရန် သူတို့အား ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။ Common Language Bible ညချမ်းအချိန်ရောက်သောအခါတပည့်တော်တို့ သည်အထံတော်သို့လာ၍ ``ဤအရပ်သည်လူသူ မရှိသည့်အရပ်ဖြစ်ပါ၏။ နေ့အချိန်လည်းကုန်ပါ ပြီ။ လူတို့အားကျေးရွာများသို့သွား၍အစား အစာဝယ်ယူနိုင်ရန်စေလွှတ်တော်မူပါ'' ဟု လျှောက်ထားကြ၏။ Garrad Bible ည နေ ချမ်း အ ချိန် ရောက် သော် တ ပည့် တော် တို့ သည် ချဉ်း ကပ်၍ ဤ အ ရပ် မှာ တော ဖြစ် ပါ သည် အ ချိန် လည်း လွန် ပါ ပြီ။ ရွာ များ သို့ သွား၍ အ စား အ စာ ဝယ် ကြ စေ ရန် လူ ပ ရိတ် သတ် ကို လွှတ် တော် မူ ပါ ဟု လျှောက် ကြ လျှင်၊ Judson Bible ညဉ့်ဦးယံ၌ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်း ချုပ်ပါပြီ။ လူအစုအဝေးတို့သည် မြို့ရွာသို့သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါဟု လျှောက်ကြလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ညနေချမ်းအချိန်ရောက်သောအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးရာအရပ်ဖြစ်ပြီး အချိန်လည်း လွန်နေပါပြီ။ လူထုပရိသတ်တို့သည် ကျေးရွာများသို့သွား၍ မိမိတို့အတွက် စားစရာများဝယ်ယူနိုင်ရန် သူတို့ကို ပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။ မြန်မာ ညဉ့်ဦးယံ၌ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်း ချုပ်ပါပြီ။ လူအစုအဝေးတို့သည် မြို့ရွာသို့သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါဟု လျှောက်ကြလျှင်၊- |
ယေရှုသည် ထိုသတင်းကို ကြားသောအခါ ထိုနေရာမှ ထွက်ခွာ၍ လှေကို စီးလျက် ဆိတ်ငြိမ်သောအရပ်သို့ ကြွတော်မူ၏။ သို့သော် လူထုပရိသတ်တို့သည် ယေရှုကြွတော်မူကြောင်းကို ကြားသိသဖြင့် မြို့ရွာများမှထွက်၍ ကုန်းကြောင်းဖြင့် လိုက်ကြ၏။
ယေရှုသည် လှေပေါ်မှဆင်းသောအခါ လူအုပ်ကြီးကို တွေ့မြင်တော်မူလျှင် သနားစိတ်ရှိတော်မူသဖြင့် ဖျားနာသူများကို ကျန်းမာစေတော်မူ၏။
သို့သော်ယေရှုက “ထိုသူတို့ သွားရန် မလိုပါ။ ထိုသူတို့အတွက် စားစရာကို သင်တို့ပေးကြလော့” ဟု မိန့်တော်မူ၏။
သို့သော်လည်း ယေရှုသည် သူ့အား စကားတစ်ခွန်းမျှ တုံ့ပြန်တော်မမူဘဲ နေတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ယေရှုထံတော်သို့ချဉ်းကပ်၍ “ဤအမျိုးသမီးအား ပြန်စေတော်မူပါ။ သူသည် အကျွန်ုပ်တို့နောက်မှ လိုက်ကာ အော်ဟစ်၍ အနှောင့်အယှက်ဖြစ်စေပါသည်” ဟု လျှောက်ကြ၏။
တချို့မှာ ရပ်ဝေးက လာကြ၏။ သူတို့ကို စားစရာမကျွေးဘဲ အိမ်ပြန်လွှတ်ပါက လမ်းတွင် အားပြတ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ညနေခင်းရောက်သောအခါ တပည့်တော်ဆယ့်နှစ်ပါးတို့သည် ယေရှုထံသို့ ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးသည့်နေရာဖြစ်၏။ သို့ဖြစ်၍ လူထုပရိသတ်တို့သည် ပတ်ဝန်းကျင်အနီးရှိ ကျေးလက်ဒေသများသို့ သွား၍ တည်းခိုရာနေရာနှင့် အစားအသောက် ရှာနိုင်ရန် သူတို့အား ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။