လူထုကြီးသည် ကိုယ်တော်ထံသို့လာ၍ ခြေမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများ၊ ဆွံ့အသူများနှင့် အခြားမကျန်းမာသူများစွာကို ခေါ်ဆောင်လာကာ ခြေတော်ရင်းတွင် ထားကြ၏။ ယေရှုသည်လည်း သူတို့အား ကျန်းမာစေတော်မူ၏။
မဿဲ 13:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူအုပ်ကြီးသည် အနားတော်တွင် စုဝေးလာကြသဖြင့် ယေရှုသည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအုပ်ကြီးသည်လည်း ကမ်းခြေတွင် ရပ်နေကြ၏။ Common Language Bible အထံတော်သို့လာရောက်ကြသည့်လူပရိသတ် မှာများလှသဖြင့် ကိုယ်တော်သည်လှေပေါ်သို့ တက်၍ထိုင်တော်မူ၏။ လူအပေါင်းတို့ကကမ်း ခြေတွင်ရပ်လျက်နေကြ၏။- Garrad Bible ကိုယ် တော် သည် လှေ တစ် စင်း ပေါ် သို့ တက်၍ ထိုင် တော် မူ ရာ ကမ်း ပေါ် က ရပ် နေ သော ပ ရိ သတ် တို့ အား၊ Judson Bible များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံ၍ စုဝေးလျက်ရှိကြသောကြောင့်၊ လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် ကုန်းပေါ်မှာ ရပ်နေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း များစွာသောလူထုပရိသတ်တို့သည် အထံတော်သို့စုဝေးလာကြသဖြင့် ကိုယ်တော်သည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူထုပရိသတ်အပေါင်းတို့မူကား ကမ်းပေါ်တွင် ရပ်နေကြ၏။ မြန်မာ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံ၍ စုဝေးလျက်ရှိကြသောကြောင့်၊ လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် ကုန်းပေါ်မှာ ရပ်နေကြ၏။- |
လူထုကြီးသည် ကိုယ်တော်ထံသို့လာ၍ ခြေမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများ၊ ဆွံ့အသူများနှင့် အခြားမကျန်းမာသူများစွာကို ခေါ်ဆောင်လာကာ ခြေတော်ရင်းတွင် ထားကြ၏။ ယေရှုသည်လည်း သူတို့အား ကျန်းမာစေတော်မူ၏။
ဂါလိလဲပြည်၊ ဒေကာပေါလိပြည်၊ ဂျေရုဆလင်မြို့၊ ယုဒပြည်နှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှ လူအုပ်ကြီးသည် ယေရှုနောက်တော်သို့ လိုက်ကြ၏။
တစ်ဖန် ယေရှုသည် အိုင်နံဘေး၌ ဟောပြောသွန်သင်တော်မူ၏။ အလွန်များပြားလှသောလူအုပ်ကြီးသည် ကိုယ်တော့်အနားသို့ စုဝေးလာကြသဖြင့် ယေရှုသည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအုပ်ကြီးသည်လည်း ကမ်းခြေတွင် ရပ်နေကြ၏။
ကိုယ်တော်သည် ထိုလှေနှစ်စင်းထဲမှ ရှိမုန်၏လှေပေါ်သို့ တက်၍ ရှိမုန်အား လှေကို ကမ်းနှင့် အနည်းငယ်ခွာပေးရန် မိန့်တော်မူ၏။ ထို့နောက် လှေထဲတွင် ထိုင်လျက် လူထုပရိသတ်တို့ကို ဟောပြောသွန်သင်တော်မူ၏။