ယေရှုခရစ်တော် မွေးဖွားလာတော်မူပုံမှာ ဤသို့ဖြစ်၏။ မယ်တော်မာရိနှင့် ယောသပ်တို့သည် လက်ထပ်ရန် စေ့စပ်ထား၏။ သို့သော်လည်း လက်ထပ်ပေါင်းသင်းခြင်းမပြုမီ မာရိသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ကိုယ်ဝန်ဆောင်လေ၏။
မဿဲ 12:46 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ လူထုအား ဟောပြောနေစဉ် မယ်တော်နှင့် ညီတော်တို့သည် ယေရှုကို စကားပြောလို၍ အပြင်တွင် ရပ်စောင့်လျက်နေကြ၏။ Common Language Bible ကိုယ်တော်သည်လူပရိသတ်တို့အားဟောပြော သွန်သင်လျက်နေတော်မူစဉ်မယ်တော်နှင့်ညီတော် များရောက်လာ၍ကိုယ်တော်နှင့်တွေ့လိုသဖြင့် အပြင်တွင်စောင့်လျက်နေကြ၏။- Garrad Bible လူ ပ ရိ သတ် အား ထို သို့ မိန့် တော် မူ လျက် ရှိ စဉ် မယ် တော် နှင့် ညီ တော် တို့ သည် ကိုယ် တော် နှင့် စ ကား ပြော လို၍ ပြင် က ရပ် နေ ကြ ရာ၊ Judson Bible ထိုသို့ ပရိသတ်တို့အား ဟောတော်မူစဉ်တွင်၊ မယ်တော်နှင့် ညီတော်တို့သည် နှုတ်ဆက်လို၍ ပြင်မှာ ရပ်နေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူစဉ် ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်စကားပြောလို၍ အပြင်၌ ရပ်နေကြ၏။ မြန်မာ ထိုသို့ ပရိသတ်တို့အား ဟောတော်မူစဉ်တွင်၊ မယ်တော်နှင့် ညီတော်တို့သည် နှုတ်ဆက်လို၍ ပြင်မှာ ရပ်နေကြ၏။- |
ယေရှုခရစ်တော် မွေးဖွားလာတော်မူပုံမှာ ဤသို့ဖြစ်၏။ မယ်တော်မာရိနှင့် ယောသပ်တို့သည် လက်ထပ်ရန် စေ့စပ်ထား၏။ သို့သော်လည်း လက်ထပ်ပေါင်းသင်းခြင်းမပြုမီ မာရိသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ကိုယ်ဝန်ဆောင်လေ၏။
လူတစ်ယောက်က ယေရှုအား “သခင်၏ မယ်တော်နှင့် ညီတော်တို့သည် သခင့်အား စကားပြောလို၍ အပြင်တွင် ရပ်စောင့်နေကြပါသည်” ဟု လျှောက်လေ၏။
သူသည် လက်သမား၏သား မဟုတ်လော။ သူ၏မိခင်သည် မာရိမဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့် ယုဒတို့သည် သူ၏ညီများဖြစ်ကြသည် မဟုတ်လော။
သူတို့သည် အိမ်ထဲသို့ ဝင်၍ မယ်တော်မာရိနှင့်အတူ သူငယ်တော်ကို တွေ့မြင်သော် ဝပ်တွားခယလျက် သူငယ်တော်ကို ရှိခိုးကြပြီးလျှင် မိမိတို့၏ ရတနာသေတ္တာများကို ဖွင့်ကာ ရွှေ၊ လောဗန်နှင့် မုရန်ဟူသော လက်ဆောင်များကို ဆက်သကြ၏။
“ထလော့။ သူငယ်တော်နှင့် မယ်တော်ကို ခေါ်ဆောင်ကာ အစ္စရေးပြည်သို့ ပြန်ကြလော့။ သူငယ်တော်ကို သတ်ရန်ရှာဖွေသောသူတို့သည် သေဆုံးကြပြီ” ဟု ဆို၏။
မည်သူမျှ အထည်ဟောင်းကို ပိတ်စသစ်ဖြင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ပိတ်စသစ်သည် ရုန်းသဖြင့် အထည်ဟောင်း၏စုတ်ပြဲရာအပေါက်သည် ပို၍ ကျယ်လိမ့်မည်။
သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ယုဒနှင့် ရှိမုန်တို့၏အစ်ကို မဟုတ်လော။ သူ၏ နှမတို့သည်လည်း ငါတို့နှင့် တစ်ရပ်တည်းသားများပင် မဟုတ်လော” ဟု ပြောဆို၍ ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကာ မယုံကြည်ဘဲနေကြ၏။
ကျွန်မ သခင်၏မိခင် ကျွန်မထံသို့ ကြွရောက်လာသောအခွင့်ထူးကို အဘယ်ကြောင့် ကျွန်မခံစားရပါသနည်း။
သူငယ်တော်၏မိဘတို့သည် သူငယ်တော်နှင့်ပတ်သက်၍ ပြောဆိုသောအကြောင်းအရာများကို ကြားသောအခါ အံ့ဩလျက် နေကြ၏။
ထို့နောက် ရှိမောင်သည် သူတို့ကို ကောင်းချီးပေး၍ မိခင်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာကို လဲစေရန်သော်လည်းကောင်း၊ များစွာကို ထစေရန်သော်လည်းကောင်း ခန့်အပ်ခြင်းခံရသောသူဖြစ်၏။ ဆန့်ကျင်ခြင်းခံရမည့် နိမိတ်လက္ခဏာအဖြစ် စေလွှတ်ခံရသောသူလည်းဖြစ်၏။
မိဘတို့သည် ယေရှုကို တွေ့သောအခါ အံ့အားသင့်၍ မိခင်က “ငါ့သား… သင်သည် အဘယ်ကြောင့် ငါတို့ကို ဤသို့ ပြုရသနည်း။ ငါနှင့် သား၏ဖခင်သည် သားကို အလွန်စိတ်ပူ၍ နေရာအနှံ့လိုက်ရှာခဲ့ရ၏” ဟု ပြောလေ၏။
ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူ နာဇရက်မြို့သို့ ပြန်သွား၍ သူတို့၏စကားကို နားထောင်လျက် နေလေ၏။ မိခင်သည် ဖြစ်ပျက်ခဲ့သမျှကို စိတ်နှလုံးထဲ၌ မှတ်ထားလေ၏။
ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော လျှို့ဝှက်နက်နဲသည့်အကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော် အခြားသောသူတို့သည် ‘ကြည့်သော်လည်း မမြင်စေရန် နားထောင်သော်လည်း နားမလည်စေရန်’ ပုံဥပမာအားဖြင့် ပြောရခြင်းဖြစ်၏။
ယေရှု၏ မယ်တော်၊ မယ်တော်၏ညီမ၊ ကလောဖ၏ဇနီး မာရိနှင့် မာဂဒလမာရိတို့သည် လက်ဝါးကပ်တိုင်အနီးတွင် ရပ်လျက်နေကြ၏။
သုံးရက်မြောက်သော နေ့တွင် ဂါလိလဲပြည်၊ ကာနမြို့၌ မင်္ဂလာဆောင်ပွဲတစ်ခု ကျင်းပလေ၏။ ယေရှု၏မယ်တော်သည် ထိုပွဲ၌ ရှိ၏။
ထို့နောက် ကိုယ်တော်သည် မယ်တော်၊ ညီတော်များ၊ တပည့်တော်များနှင့်အတူ ကပေရနောင်မြို့သို့ ကြွ၍ ရက်အနည်းငယ် နေတော်မူ၏။
သို့ရာတွင် ထိုပွဲတော်သို့ ညီတော်များ ထွက်ခွာသွားကြပြီးနောက် ယေရှုသည်လည်း မထင်မရှားကြွတော်မူ၏။
ထိုအခါ ယေရှု၏ ညီတော်များက “သင်ပြုသော အံ့ဖွယ်အမှုတို့ကို သင်၏တပည့်များ မြင်နိုင်ရန် ဤအရပ်မှ ထွက်ခွာ၍ ယုဒပြည်သို့ သွားပါလော့။
ထိုသူတို့အားလုံးသည် မယ်တော်မာရိအပါအဝင် အမျိုးသမီးတစ်စု၊ ယေရှု၏ညီတော်များနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြင့် အဆက်မပြတ်ဆုတောင်းလျက် နေကြ၏။
ကျွန်ုပ်တို့သည် ပေတရုမှစ၍ သခင်ဘုရား၏ ညီတော်များနှင့် အခြားသောတမန်တော်များကဲ့သို့ ခရီးသွားရာတွင် ယုံကြည်သူဇနီးသည်ကို ကျွန်ုပ်တို့နှင့်အတူ ခေါ်ဆောင်ခွင့် မရှိသလော။
သို့သော် သူနှင့် သခင်ဘုရား၏ ညီတော် ယာကုပ်မှလွဲ၍ အခြားမည်သည့် တမန်တော်ကိုမျှ ကျွန်ုပ်မတွေ့ခဲ့။