သို့မဟုတ် မည်ကဲ့သို့သောသူကိုရှာရန် သွားကြသနည်း။ အဖိုးတန်အဝတ်အထည်တို့ကို ဝတ်ဆင်သောသူကိုလော။ အဖိုးတန်အဝတ်အထည်ကို ဝတ်ဆင်သူတို့သည် နန်းတော်များ၌သာ နေကြ၏။
မဿဲ 11:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်လျှင် မည်ကဲ့သို့သောသူကိုရှာရန် သွားကြသနည်း။ ပရောဖက်တစ်ပါးကိုလော။ မှန်ပါ၏။ ထိုသူသည် ပရောဖက်ထက် ပို၍ကြီးမြတ်သောသူဖြစ်သည်ဟု ငါဆို၏။ Common Language Bible ထိုသူတို့ကိုကြည့်ရှုရန်မဟုတ်ပါမူအဘယ် ကြောင့်သွားကြသနည်း။ ပရောဖက်ကိုကြည့်ရှု ကြရန်လော။ မှန်ပေ၏။ သင်တို့သည်ပရောဖက် ထက်ကြီးမြတ်သူကိုမြင်ရကြလေပြီဟု သင်တို့အားငါဆို၏။- Garrad Bible မည် သည့် အ ကြောင်း ကြောင့် ထွက် သွား ကြ သ နည်း။ ပ ရော ဖက် ကို ရှု ကြည့် ရန် လော။ ဟုတ် မှန်၏။ ပ ရော ဖက် ထက် လည်း ကြီး မြတ် သူ ဖြစ် သည် ငါ ဆို၏။ Judson Bible ပရောဖက်ကို ကြည့်ရှုခြင်းငှာ သွားသလော။ မှန်ပေ၏။ ပရောဖက်ထက် ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ ပရောဖက်ထက်ပင် ကြီးမြတ်သောသူဖြစ်သည်ဟု သင်တို့အား ငါဆို၏။ မြန်မာ ပရောဖက်ကို ကြည့်ရှုခြင်းငှာ သွားသလော။ မှန်ပေ၏။ ပရောဖက်ထက် ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို၏။- |
သို့မဟုတ် မည်ကဲ့သို့သောသူကိုရှာရန် သွားကြသနည်း။ အဖိုးတန်အဝတ်အထည်တို့ကို ဝတ်ဆင်သောသူကိုလော။ အဖိုးတန်အဝတ်အထည်ကို ဝတ်ဆင်သူတို့သည် နန်းတော်များ၌သာ နေကြ၏။
ဟေရုဒ်မင်းသည် ယောဟန်ကို သတ်လိုသော်လည်း ဆူပူအုံကြွမည်ကို ကြောက်ရွံ့သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယောဟန်အား ပရောဖက်တစ်ပါးအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်၏။
အို သူငယ်… သင်သည် အမြင့်မြတ်ဆုံးသောဘုရားသခင်၏ပရောဖက်ဟု အခေါ်ခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ခရစ်တော်ကြွလာရာလမ်းကို ပြင်ဆင်ပေးရမည့်သူဖြစ်၏။
သို့သော်လည်း ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူအားလုံးက ယောဟန်သည် ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသဖြင့် ငါတို့အားကျောက်ခဲနှင့် ပေါက်ကြလိမ့်မည်” ဟု အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။