ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။
မဿဲ 10:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မြို့တစ်မြို့၊ သို့မဟုတ် ရွာတစ်ရွာသို့ ဝင်သောအခါ သင်တို့အား လက်ခံကြိုဆိုမည့်သူကို ရှာ၍ ထိုမြို့ရွာမှ မထွက်မီတိုင်အောင် သူ၏အိမ်၌သာ တည်းခိုကြလော့။ Common Language Bible ``မည်သည့်မြို့ရွာသို့မဆိုသင်တို့ဝင်သောအခါ သင်တို့အားကြိုဆိုလက်ခံမည့်သူကိုရှာကြလော့။ ထိုမြို့ရွာမှထွက်ခွာ၍မသွားမချင်းထိုသူ၏ ထံတွင်တည်းခိုကြလော့။- Garrad Bible မည် သည့် မြို့ ရွာ ကို မ ဆို ဝင် သော် မည် သူ ထိုက် တန် ကြောင်း စူး စမ်း ရှာ ဖွေ ပြီး လျှင်၊ ထို မြို့ ရွာ မှ မ ထွက် မ သွား မီ သူ့ အိမ်၌ တည်း ခို ကြ လော့။ Judson Bible မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင်၊ ထိုမြို့ရွာ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု မေးမြန်း၍၊ ထိုမြို့ရွာမှ မထွက်မသွားမီတိုင်အောင် ထိုသူ၏အိမ်တွင် နေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း မည်သည့်မြို့ရွာသို့မဆို သင်တို့ဝင်ကြသောအခါ ထိုမြို့ရွာ၌ မည်သူသည် ထိုက်တန်သောသူဖြစ်သည်ကို ရှာဖွေစုံစမ်းပြီး ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုသူ၏အိမ်၌ တည်းခိုကြလော့။ မြန်မာ မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင်၊ ထိုမြို့ရွာ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု မေးမြန်း၍၊ ထိုမြို့ရွာမှ မထွက်မသွားမီတိုင်အောင် ထိုသူ၏အိမ်တွင် နေကြလော့။- |
ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။
ဆက်လက်၍ ယေရှုက တပည့်တော်တို့အား “မြို့တစ်မြို့သို့ ဝင်လျှင် ထိုမြို့မှ မထွက်ခွာမီတိုင်အောင် အိမ်တစ်အိမ်၌သာ တည်းခိုကြလော့။
ထိုအဖြစ်အပျက်ကို မြင်သောသူများက “ယေရှုသည် အပြစ်ရှိသူတစ်ဦး၏အိမ်တွင် တည်းခိုရန် လိုက်ပါသွားလေပြီ” ဟု ဝေဖန်ပြောဆိုကြ၏။
အိမ်တစ်အိမ်သို့ ဝင်သောအခါ ထိုအရပ်မှ မထွက်ခွာသည်တိုင်အောင် ထိုအိမ်၌သာ တည်းခိုကြလော့။
သူနှင့် အိမ်သူအိမ်သားအားလုံးတို့သည် နှစ်ခြင်းမင်္ဂလာကို ခံယူပြီးလျှင် လုဒိက “ကျွန်မသည် သခင်ဘုရားအား အမှန်ပင်ယုံကြည်သောသူဖြစ်သည်ဟု သင်တို့သတ်မှတ်ပါက အိမ်သို့လာ၍ တည်းခိုကြပါ” ဟု ကျွန်ုပ်တို့အား ဖျောင်းဖျလေ၏။