ထိုအခါ ကောင်းကင်တမန်က “သင်သည် များစွာသောလူမျိုး၊ တိုင်းနိုင်ငံများ၊ ဘာသာစကားအသီးသီးပြောဆိုသူများ၊ ဘုရင်များကို တစ်ဖန်ပရောဖက်ပြုဟောပြောရမည်” ဟု ကျွန်ုပ်အားဆို၏။
ဗျာဒိတ် 17:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကောင်းကင်တမန်က ကျွန်ုပ်အား “ပြည့်တန်ဆာဖြစ်သော ထိုဆိပ်ကမ်းမြို့ကြီးတည်ရှိရာ၌ စီးဆင်းနေသည့်မြစ်များသည် လူမျိုးအသီးသီး၊ လူထုအသီးသီး၊ တိုင်းနိုင်ငံအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများကို ကိုယ်စားပြု၏။ Common Language Bible ထိုနောက်ကောင်းကင်တမန်ကငါ့အား``ပြည့် တန်ဆာမထိုင်လျက်နေသည့်ရေသည်တိုင်းနိုင်ငံ များရှိဘာသာစကားအမျိုးမျိုးကိုပြောသော လူမျိုးများ၊ ပြည်သူပြည်သားများဖြစ်၏။- Garrad Bible ပြည့် တန် ဆာ ထိုင် နေ ရာ သင် မြင် သော မြစ် ချောင်း များ ကား ဘာ သာ စ ကား အ ပုံ ပုံ ပြော ဆို သော လူ အ မျိုး အ နွယ် များ တည်း။ Judson Bible ယခုမြင်၍ ပြည့်တန်ဆာထိုင်သော ရေကား၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုးအစုစု ဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထိုကောင်းကင်တမန်က “သင်မြင်ရသော ပြည့်တန်ဆာထိုင်နေသည့်ရေများသည် တိုင်းနိုင်ငံများ၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးများနှင့် လူထုပရိသတ်များဖြစ်ကြ၏။ |
ထိုအခါ ကောင်းကင်တမန်က “သင်သည် များစွာသောလူမျိုး၊ တိုင်းနိုင်ငံများ၊ ဘာသာစကားအသီးသီးပြောဆိုသူများ၊ ဘုရင်များကို တစ်ဖန်ပရောဖက်ပြုဟောပြောရမည်” ဟု ကျွန်ုပ်အားဆို၏။
တိုင်းနိုင်ငံအသီးသီး၊ မျိုးနွယ်စုအသီးသီး၊ လူမျိုးအသီးသီးနှင့် ဘာသာစကားအသီးသီးပြောသည့်သူများမှ လူတို့သည် သူတို့၏အလောင်းများကို သုံးရက်ခွဲကြာအောင် ကြည့်ပြီး သင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ခွင့် မပေးဘဲနေကြလိမ့်မည်။
ဖလားခုနစ်လုံးကိုင်ဆောင်ထားသော ကောင်းကင်တမန်ခုနစ်ပါးအနက် တစ်ပါးသည် လာ၍ ကျွန်ုပ်အား “လာလော့။ မြစ်များစွာရှိရာ၌ တည်ရှိသည့်ဆိပ်ကမ်းမြို့ကြီးဖြစ်သောပြည့်တန်ဆာမကြီး ခံရမည့် ပြစ်ဒဏ်များကို သင့်အား ငါပြမည်။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။