အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဖိ​လိပ္ပိ 3:4 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သို့သော် လူ့​အားထုတ်မှု​အပေါ် အားကိုးစရာ​လည်း ကျွန်ုပ်​တွင် ရှိ၏။ တစ်စုံတစ်ယောက်​က လူ့​အားထုတ်မှု​အပေါ် အားကိုးစရာ​ရှိသည် ဟု ဆိုပါက ကျွန်ုပ်​တွင် ပို၍​ပင် ရှိ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ပြင်​ပ​လက္ခ​ဏာ​များ​ကို​ကိုး​စား​မှု​လို​အပ်​သည်​ဟု ဆို​လျှင်​ငါ့​မှာ​ရှိ​၏။ ထို​ပြင်​ပ​လက္ခ​ဏာ​များ​ကို ကိုး​စား​နိုင်​သူ​တစ်​ဦး​တစ်​ယောက်​ရှိ​သည်​ဟု​ဆို ပါ​က ငါ့​မှာ​ထို​သူ​ထက်​ပို​၍​ကိုး​စား​နိုင်​စ​ရာ အ​ကြောင်း​ရှိ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ မူ ကား ပ ဝ တ္တိ၌ စိတ် ချ ခွင့် အ ကြောင်း ရှိ သူ မှန် ၏၊ မည် သူ မ ဆို ပ ဝ တ္တိ၌ စိတ် ချ ခွင့် ရှိ သည် ဟု ထင် လျှင်၊

အခန်းကိုကြည့်ပါ။

Judson Bible

သို့​သော်​လည်း ငါ​ဖြစ်​လျှင် ဇာ​တိ၌ ကိုး​စား​စ​ရာ​အ​ကြောင်း​ရှိ၏။ အ​ခြား​သူ​မည်​သည်​ကား၊ ဇာ​တိ၌ ကိုး​စား​စ​ရာ အ​ကြောင်း​ရှိ​သည်​ဟု ထင်​လျှင်၊ ငါ​မူ​ကား သာ၍​ရှိ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် အသွေး​အသား​၌​ကိုးစား​စရာ​လည်း ငါ​၌​ရှိ​ပါ​၏။ အခြား​သူ​တစ်စုံတစ်ဦး​သည် အသွေး​အသား​၌​ကိုးစား​စရာ​ရှိ​သည်​ဟု ထင်မှတ်​လျှင် ငါ​၌ ပို၍​ပင်​ရှိ​၏။

အခန်းကိုကြည့်ပါ။



ဖိ​လိပ္ပိ 3:4
4 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သင်တို့​သည် မည်သို့​ကြားနာသည်​ကို သတိပြုကြလော့။ ရှိသော​သူတို့​အား များစွာ​ထပ်​၍ ပေးတော်မူ​လိမ့်မည်။ မရှိသော​သူတို့​ထံမှ​မူ သူတို့​၌ ရှိသည်​ဟု ထင်ရသော​အရာ​ကိုပင် သိမ်းယူတော်မူ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထို့ကြောင့် ယခု​မှစ၍ ကျွန်ုပ်တို့​သည် မည်သူ့​ကိုမျှ လောကီ​ရှုထောင့်​မှ အကဲမဖြတ်ကြတော့ပေ။ တစ်ချိန်က ကျွန်ုပ်တို့​သည် ခရစ်တော်​ကို လောကီ​ရှုထောင့်​မှ အကဲဖြတ်ခဲ့ကြ​သော်လည်း ယခု​တွင်မူ ထိုသို့​အကဲမဖြတ်ကြတော့ပေ။


ကျွန်ုပ်တို့​သည် အပြစ်သား​လူမျိုးခြားများ မဟုတ်ဘဲ မွေးဖွားလာ​ကတည်းကပင် ဂျူးလူမျိုးများ ဖြစ်ကြ၏။