တစ်ဦးနှင့် တစ်ဦး စည်းလုံးညီညွတ်စွာ နေကြလော့။ နိမ့်ပါးသောသူတို့နှင့် မာနမထောင်လွှားဘဲ ပေါင်းသင်းဆက်ဆံကြလော့။ မိမိကိုယ်ကိုယ် ငါသည် ပို၍ ပညာရှိသည်ဟု မထင်မှတ်နှင့်။
ဖိလိပ္ပိ 3:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့သည် မိမိတို့ ရောက်ရှိနေသည့်အခြေအနေနှင့်အညီ သင့်လျော်စွာ နေထိုင်ကြပါစို့။ Common Language Bible မည်သို့ပင်ဖြစ်စေ၊ ငါတို့သည်မိမိတို့ယနေ့တိုင် အောင်လိုက်လျှောက်ခဲ့သည့်ထုံးစံအတိုင်းပြုကျင့် ကြကုန်စို့။ Garrad Bible သို့ ရာ တွင် ငါ တို့ သည် သိ မှီ ပြီး အ တိုင်း လျှောက် လိုက် ကြ ကုန် အံ့။ Judson Bible သို့မဟုတ်သော်လည်း၊ ယခုမီသမျှအတိုင်း တစ်နည်းတည်းကျင့်၍ တစ်သဘောတည်း ရှိရကြမည်။- မြန်မာ့စံမီသမ္မာကျမ်း မည်သို့ပင်ဖြစ်စေ ငါတို့သည် မိမိတို့ရောက်ရှိသည့်အနေအထားနှင့်အညီ လိုက်လျှောက်ကြကုန်စို့။ |
တစ်ဦးနှင့် တစ်ဦး စည်းလုံးညီညွတ်စွာ နေကြလော့။ နိမ့်ပါးသောသူတို့နှင့် မာနမထောင်လွှားဘဲ ပေါင်းသင်းဆက်ဆံကြလော့။ မိမိကိုယ်ကိုယ် ငါသည် ပို၍ ပညာရှိသည်ဟု မထင်မှတ်နှင့်။
သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းကို ပေးသနားတော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ အလိုတော်နှင့်အညီ အချင်းချင်း တစ်စိတ်တစ်ဝမ်းတည်းရှိသော စိတ်သဘောထားကို သင်တို့အား ပေးသနားတော်မူပါစေ။
ယခင်က သင်တို့သည် သမ္မာတရားလမ်းအတိုင်း ကောင်းမွန်စွာ ပြေးခဲ့ကြ၏။ ယခုတွင်မူ သမ္မာတရားကို မလိုက်နာစေရန် သင်တို့ကို မည်သူတားဆီးသနည်း။
ဤအခြေခံသဘောတရားကို လက်ခံကျင့်သုံးသောသူတို့အပေါ်သို့ ဘုရားသခင်ထံတော်မှလာသော ငြိမ်းချမ်းခြင်းနှင့် ကရုဏာတော် သက်ရောက်ပါစေသော။ ထိုသူတို့မှာ ဘုရားသခင်၏ လူမျိုးတော်အစ္စရေးလူမျိုးများ ဖြစ်ကြ၏။
မည်သို့ပင်ဖြစ်စေ ခရစ်တော်၏ သတင်းကောင်းနှင့် ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့ထံသို့ ကျွန်ုပ်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်း အခိုင်အမာ ရပ်တည်ကြောင်းနှင့် သတင်းကောင်းနှင့်ဆိုင်သောယုံကြည်ချက်အတွက် တညီတညွတ်တည်း ဆောင်ရွက်ကြောင်း ကျွန်ုပ်သိရလိမ့်မည်။
သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိခြင်း၊ အချင်းချင်း ချစ်ခင်ခြင်း၊ စိတ်သဘောထားတူညီခြင်း၊ ရည်ရွယ်ချက်တစ်ခုတည်း ရှိခြင်းတို့ဖြင့် ကျွန်ုပ်ကို အကြွင်းမဲ့ဝမ်းမြောက်စေကြလော့။
ဧဝေါဒိနှင့် သုန္တုတ်တို့… သင်တို့သည် သခင်ဘုရား၏ တပည့်တော်မများ ဖြစ်သောကြောင့် တစ်စိတ်တစ်ဝမ်းတည်းရှိကြရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်ပါ၏။
ထို့ကြောင့် သင်တို့သည် ယေရှုခရစ်တော်ကို သခင်အဖြစ် လက်ခံကြသည့်အားလျော်စွာ ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်သောသူများအနေဖြင့် ဆက်လက် ပြုမူနေထိုင်ကြလော့။
ထို့ကြောင့် သင်သည် ကြားနာ၍ ခံယူပြီးသောအရာကို သတိရလျက် လိုက်နာလော့။ နောင်တရလော့။ သင်မနိုးထလျှင် သူခိုးကဲ့သို့ ငါလာမည်။ မည်သည့်အချိန်၌ လာမည်ကို သင်သိရမည်မဟုတ်။