ခမည်းတော်သည် ငါ့ကို ချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို ချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။
ဂလာတိ 4:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစဉ်က လူ့သဘာဝအရ မွေးဖွားလာသောသားသည် ဝိညာဉ်တော်၏ တန်ခိုးအရ မွေးဖွားလာသောသားကို ညှဉ်းဆဲသကဲ့သို့ ယခုလည်း ထိုနည်းတူပင် ဖြစ်၏။ Common Language Bible ထိုစဉ်အခါကသာမန်သဘာဝအားဖြင့် မွေးဖွားသောသားသည် ဝိညာဉ်အားဖြင့်မွေး ဖွားသောသားအားညှဉ်းဆဲနှိပ်စက်ခဲ့၏။ ယခု အခါ၌လည်းထိုနည်းတူပင်ဖြစ်၏။- Garrad Bible ထို ကာ လ ဇာ တိ အ လျောက် ရ သော သား သည် ဝိ ညာဉ် တော် အ လျောက် ရ သော သား ကို ညှဉ်း ပန်း သ ကဲ့ သို့ ယ ခု ကာ လ ဖြစ်၏။ Judson Bible ထိုအခါ ဇာတိပကတိအားဖြင့် ဖွားသောသားသည် ဝိညာဉ်တော်အားဖြင့် ဖွားသောသားကို ညှဥ်းဆဲသကဲ့သို့၊ ထိုနည်းတူ ယခုပင်ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုစဉ်က သွေးသားဇာတိအရမွေးဖွားသောသားသည် ဝိညာဉ်တော်အရမွေးဖွားသောသားကို ညှဉ်းဆဲသကဲ့သို့ ယခုလည်း ထိုနည်းတူဖြစ်၏။ |
ခမည်းတော်သည် ငါ့ကို ချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို ချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ရေဖြင့်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်လည်းကောင်း အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။
ထို့ကြောင့် ယခုအခါ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူတို့သည် အပြစ်စီရင်ခြင်း မခံရ။
သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း အသက်ရှင်လျှင် သေကြရလိမ့်မည်။ သို့သော် လူ့ဗီဇစိတ်၏ အကျင့်တို့ကို ဝိညာဉ်တော်အားဖြင့် အဆုံးသတ်လျှင်မူ အသက်ရှင်ကြလိမ့်မည်။
ကျွန်မ၏ သားသည် လူ့သဘာဝအရ မွေးဖွားလာသောသားဖြစ်ပြီး လွတ်လပ်သောမိန်းမ၏ သားမှာမူ ဘုရားသခင်၏ ကတိတော်အရ မွေးဖွားလာသောသား ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… အရေပြားလှီးခြင်းမင်္ဂလာတရား လိုအပ်ကြောင်းကို ကျွန်ုပ်ဟောပြောနေသေးလျှင် အဘယ်ကြောင့် ညှဉ်းဆဲခံနေရသေးသနည်း။ ထိုသို့ ဟောပြောသည်မှန်လျှင် ကျွန်ုပ်ဟောပြောသည့် လက်ဝါးကပ်တိုင်၌ ခရစ်တော်အသေခံခြင်းအကြောင်းသည် အနှောင့်အယှက် ဖြစ်တော့မည်မဟုတ်ပေ။