ဆာလံ 117 - မြန်မာ့စံမီသမ္မာကျမ်း မြန်မာ့စံမီသမ္မာကျမ်း ဆာလံ 117ထောမနာပြုကြရန်ဖိတ်ခေါ်ခြင်း1 တိုင်းနိုင်ငံအပေါင်းတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ လူအပေါင်းတို့၊ ကိုယ်တော်ကိုထောမနာပြုကြလော့။ 2 အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ငါတို့အပေါ်၌ ကြီးမားလှပေ၏။ ထာဝရဘုရား၏သစ္စာတော်သည်လည်း အစဉ်အမြဲတည်၏။ ဟာလေလုယ။ |