ဂါလိလဲပြည်၌ နေကြစဉ်တွင် ယေရှုက၊ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန် နီးပြီ။
လုကာ 9:43 - မြန်မာ လူအပေါင်းတို့သည် ဘုရားသခင်၏ မဟာတန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်း ရှိကြ၏။ Common Language Bible လူအပေါင်းတို့သည်ဘုရားသခင်၏မဟာ တန်ခိုးတော်ကိုမြင်ရ၍အံ့သြကြကုန်၏။ လူတို့သည်ကိုယ်တော်ပြုတော်မူသောအမှု အရာများကြောင့်အံ့သြနေကြစဉ်၊ ကိုယ်တော် က၊- Garrad Bible ရှိ သ မျှ တို့ သည် ဘု ရား သ ခင့် မ ဟာ တန် ခိုး တော် ကို အ လွန် အံ့ သြ ကြ၏။ ပြု တော် မူ သ မျှ ကို လူ အ ပေါင်း တို့ အံ့ သြ လျက် နေ ကြ စဉ်၊ Judson Bible လူအပေါင်းတို့သည် ဘုရားသခင်၏ မဟာတန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်း ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူအပေါင်းတို့သည် ဘုရားသခင်၏ကြီးမြတ်သောတန်ခိုးတော်ကို အံ့သြချီးမွမ်းကြ၏။ ကိုယ်တော်ပြုတော်မူသောအရာအားလုံးကို လူအပေါင်းတို့အံ့သြနေကြစဉ် ကိုယ်တော်သည် တပည့်တော်တို့အား ခေတ်သစ်မြန်မာ သမ္မာကျမ်း လူအပေါင်းသည် ဘုရားသခင်၏အံ့ဖွယ်တန်ခိုးတော်ကို မြင်တွေ့ရ၍ အံ့သြချီးမွမ်းကြ၏။ လူအပေါင်းတို့သည် ယေရှုပြုတော်မူသော အခြင်းအရာခပ်သိမ်းတို့ကို အံ့သြလျက်နေကြစဉ် ယေရှုက တပည့်တော်တို့အား |
ဂါလိလဲပြည်၌ နေကြစဉ်တွင် ယေရှုက၊ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန် နီးပြီ။
လှေပေါ်၌ သူတို့ရှိရာသို့ တက်တော်မူလျှင် လေသည်ငြိမ်လေ၏။ ထိုသူတို့သည် အတိုင်းထက်အလွန် မိန်းမောတွေဝေအံ့ဩခြင်းသို့ ရောက်ကြ၏။-
ထိုခဏချင်းတွင် ထိုသူသည် မျက်စိမြင်၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် နောက်တော်သို့ လိုက်လေ၏။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့ဩချီးမွမ်းကြ၏။
လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သောစကားနည်း၊ ညစ်ညူးသောနတ်တို့ကို အာဏာတန်ခိုးနှင့် မှာထား၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။-
ထိုသူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဖွယ်သောအမှုအရာကို ယနေ့မြင်ခဲ့ပြီဟုပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။
အဘယ်ကြောင့် ဤသို့ လျှောက်သနည်း ဟူမူကား၊ အုပ်မိသောငါးများကို ထောက်သဖြင့်၊ ရှိမုန်နှင့် သူ၏အပေါင်းအဖော် ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်မှစ၍ ရှိမုန်နှင့် ပါသမျှသောသူတို့သည် မိန်းမောတွေဝေခြင်း ရှိကြ၏။-
ကိုယ်တော်ကလည်း၊ သင်တို့ ယုံကြည်ခြင်းစိတ်သည် အဘယ်မှာရှိသနည်းဟု မေးတော်မူလျှင်၊ သူတို့သည် ကြောက်ရွံ့အံ့ဩ၍၊ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ရေကိုပင် မှာထားတော်မူ၍၊ သူတို့သည် နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
သူငယ်လာစဉ်ပင် နတ်ဆိုးသည် မြေပေါ်မှာလှဲ၍ တောင့်မာစေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကို ဆုံးမ၍ ထိုသူငယ်ကို ချမ်းသာစေပြီးမှ အဘအား အပ်ပေးတော်မူ၏။-