တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့၏ အမည်ကား၊ ပထမမှာ၊ ပေတရုဟူ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊-
လုကာ 6:14 - မြန်မာ ပေတရုအမည်သစ်ကိုရသော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊ ယာကုပ်နှင့် ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊- Common Language Bible ထိုတစ်ဆယ့်နှစ်ပါးကားပေတရုဟုကိုယ်တော် မှည့်ခေါ်သူရှိမုန်နှင့်ရှိမုန်၏ညီအန္ဒြေ၊ ယာကုပ် နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊- Judson Bible ပေတရုအမည်သစ်ကိုရသော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊ ယာကုပ်နှင့် ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊- မြန်မာ့စံမီသမ္မာကျမ်း ပေတရုဟုကိုယ်တော်မှည့်ခေါ်ထားသောရှိမုန်နှင့် သူ၏ညီအန္ဒြေ၊ ယာကုပ်နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုဟု ယေရှုမှည့်ခေါ်ထားသော ရှိမုန်၊ ပေတရု၏ညီ အန္ဒြေ၊ ယာကုပ်၊ ယောဟန်၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ |
တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့၏ အမည်ကား၊ ပထမမှာ၊ ပေတရုဟူ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊-
ဇေဗေဒဲ၏သားယာကုပ်နှင့် သူ့ညီယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သားယာကုပ်နှင့် သဒ္ဒဲဟု အမည်သစ်ကိုရသော လေဗဲ၊-
ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့် အန္ဒြေ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊
ထိုမှလွန်ပြန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက်၊ ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ခေါ်တော်မူ၏။
ထိုမှ အနည်းငယ်လွန်ပြန်လျှင် ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန် ညီအစ်ကိုနှစ်ယောက်တို့သည် လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ချက်ချင်းခေါ်တော်မူ၏။-
တရားဇရပ်မှ ထွက်ကြလျှင်၊ ရှိမုန်၊ အန္ဒြေတို့အိမ်သို့ ယာကုပ်၊ ယောဟန်နှင့်တကွ ချက်ချင်းသွားကြ၏။-
ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။-
ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကို ခေါ်၍၊ အခြားသူမပါဘဲ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊-
ယေရှုကလည်း၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ကိုဖမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။-
ရှိမုန်ပေတရုသည် မြင်လျှင်၊ ယေရှု၏ ပုဆစ်တော်ကို ဦးတိုက်၍၊ သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူ ဖြစ်ပါ၏။ အကျွန်ုပ်ဆီမှ ကြွသွားတော်မူပါဟု လျှောက်လေ၏။-
ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည် သူတို့ကျမ်း၌လည်းကောင်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သားယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။-
ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်၊-
ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟု မေးတော်မူ၏။-