မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်းယူ၍ ကောင်းကင်သို့ ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်နှင့် ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။-
လုကာ 22:19 - မြန်မာ ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဖို့အလိုငှာ စွန့်သော ငါ၏ကိုယ်ဖြစ်၏။ ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ Common Language Bible ထိုနောက်ကိုယ်တော်သည်မုန့်ကိုယူ၍ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်ကိုဖဲ့၍တပည့်တော်တို့အား ပေးတော်မူ၏။ ကိုယ်တော်က ``ဤမုန့်ကားသင် တို့အတွက်စွန့်သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့သတိရရန်ဤသို့ပြု ကြလော့'' ဟုမိန့်တော်မူ၏။- Garrad Bible မုန့် ကို လည်း ယူ၍ ကျေး ဇူး တော် ကို ချီး မွမ်း ပြီး လျှင် ဖဲ့ တော် မူ လျက် ဤ ကား သင် တို့ အ ဖို့ စွန့် သော ငါ့ ကိုယ် ခ န္ဓာ တည်း။ ငါ့ ကို သ တိ ရ ခြင်း ငှာ ဤ သို့ ပြု ကြ လော့ ဟု မိန့် ဆို၍ တ ပည့် တော် တို့ အား ပေး တော် မူ ၏။ Judson Bible ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဖို့အလိုငှာ စွန့်သော ငါ၏ကိုယ်ဖြစ်၏။ ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အားပေးလျက်“ဤမုန့်ကား သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မုန့်ကိုလည်းယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းတော်မူ၏။ မုန့်ကို ဖဲ့၍ တပည့်တော်တို့အား ပေးတော်မူလျက် “ဤမုန့်သည် သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မေ့သတိရရန် ဤသို့ပြုကြလော့” ဟု မိန့်တော်မူ၏။ |
မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်းယူ၍ ကောင်းကင်သို့ ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်နှင့် ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။-
မုန့်ခုနစ်လုံးနှင့် ငါးတို့ကိုလည်းယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့လည်း လူအပေါင်းတို့အား ပေးကြ၏။-
ခွက်ဖလားကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ ဤခွက်ကိုယူ၍ အချင်းချင်းဝေကြလော့။-
ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဖို့အလိုငှာ သွန်းသော ငါ၏ အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။-
စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊-
အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကိုစားကြရာအရပ်နှင့် အနီး၊ တိဗေရိမြို့မှ အခြားသောလှေငယ်များလာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတစ်ပါး အဘယ်လှေမျှ မရှိသည်ကိုလည်းကောင်း၊ ယေရှုသည် ထိုလှေထဲသို့ တပည့်တော်တို့ နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့်တော်တို့သာ သွားသည်ကိုလည်းကောင်း မြင်ကြ၍၊-
ငါသည် ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဖို့အလိုငှာ စွန့်သော ငါ၏အသားပေတည်းဟု မိန့်တော်မူ၏။