သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ငါဆိုပြီ။ မတရားသောအမှုကို ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြဟု ပြောလိမ့်မည်၊
လုကာ 13:26 - မြန်မာ ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံတော်၌ စားသောက်ပါပြီ။ အကျွန်ုပ်တို့နေသော မြို့ရွာ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူပြီဟု လျှောက်ပြန်သော်လည်း၊- Common Language Bible ထိုအခါသင်တို့က `အကျွန်ုပ်တို့သည်အရှင် နှင့်အတူစားသောက်ခဲ့သူများဖြစ်ပါ၏။ အရှင် သည်အကျွန်ုပ်တို့၏မြို့ရွာတွင်ဟောပြောသွန်သင် ခဲ့ပါ၏' ဟုလျှောက်ကြလိမ့်မည်။- Garrad Bible ကိုယ် တော့် ရှေ့ အ ကျွန်ုပ် တို့ စား သောက်၍ ကိုယ် တော် လည်း အ ကျွန်ုပ် တို့ လမ်း များ တွင် ဒေ သ နာ ပေး တော် မူ ဘူး ပါ သည် ဟု သင် တို့ လျှောက် ကြ လျှင်၊ Judson Bible ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံတော်၌ စားသောက်ပါပြီ။ အကျွန်ုပ်တို့နေသော မြို့ရွာ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူပြီဟု လျှောက်ပြန်သော်လည်း၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူစားသောက်ခဲ့ကြပါ၏။ ကိုယ်တော်သည်လည်း အကျွန်ုပ်တို့၏လမ်းမပေါ်တွင် သွန်သင်ပေးခဲ့ပါ၏’ဟု လျှောက်ကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သင်တို့ကလည်း ‘ကျွန်ုပ်တို့သည် သခင်နှင့်အတူ စားသောက်ခဲ့ကြပြီး လမ်းများပေါ်၌ သခင်၏သွန်သင်မှုကို ခံယူခဲ့ကြရပါသည်’ ဟု ပြန်၍ လျှောက်ကြလိမ့်မည်။ |
သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ငါဆိုပြီ။ မတရားသောအမှုကို ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြဟု ပြောလိမ့်မည်၊
နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော် ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။-