လမ်းမှာကြွတော်မူစဉ်တွင် လူတစ်ယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊-
လုကာ 10:25 - မြန်မာ တစ်ရံရောအခါ ကျမ်းတတ်တစ်ယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်သော်၊- Common Language Bible ကျမ်းတတ်ဆရာတစ်ယောက်သည်အထံတော် သို့လာ၍ ``ဆရာတော်၊ အကျွန်ုပ်သည်ထာဝရ အသက်ကိုရအံ့သောငှာအဘယ်သို့ပြုရ ပါမည်နည်း'' ဟုကိုယ်တော်အားပညာစမ်း လိုသဖြင့်မေးလျှောက်၏။ Garrad Bible ထို အ ခါ ကျမ်း တတ် တစ် ယောက် သည် ကိုယ် တော် ကို စုံ စမ်း ရန် ထ ပြီး လျှင် ဆ ရာ၊ ထာ ဝ ရ အ သက် ကို အ ပိုင် ရ ခြင်း ငှာ မည် သို့ ပြု ရ ပါ မည် နည်း ဟု မေး ရာ၊ Judson Bible တစ်ရံရောအခါ ကျမ်းတတ်တစ်ယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်သော်၊- မြန်မာ့စံမီသမ္မာကျမ်း တစ်ခါက ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ထ၍ “ဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အမှုကို အကျွန်ုပ်ပြုရပါမည်နည်း”ဟု ကိုယ်တော်ကိုအကဲစမ်း၍မေးလျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့၌ ကျမ်းတတ်ပညာရှင်တစ်ဦးသည် ကိုယ်တော်ကို စမ်းသပ်ရန် “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။ |
လမ်းမှာကြွတော်မူစဉ်တွင် လူတစ်ယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊-
ယေရှုက၊ မောရှေသည် သင်တို့အား အဘယ်သို့ စီရင်သနည်းဟု လှန်၍ မေးတော်မူလျှင်၊-
ထိုသို့ ဆွေးနွေးငြင်းခုံကြသည်ကို ကျမ်းပြုဆရာတစ်ယောက်သည် ကြား၍၊ ကိုယ်တော်သည် လျောက်ပတ်စွာ ပြန်ပြောတော်မူသည်ကို သိမြင်လျှင် အထံတော်သို့ချဉ်းကပ်၍၊ ပညတ်တကာတို့တွင် အဘယ်မည်သောပညတ်သည် သာ၍မြတ်သနည်းဟု မေးလျှောက်သော်၊-
ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှာ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ ကြားရသောအရာတို့ကို ကြားခြင်းငှာ အလိုရှိသော်လည်း မကြားရကြဟု တပည့်တော်တို့အားသာ မိန့်တော်မူ၏။
ကိုယ်တော်က၊ ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည်အဘယ်သို့ ဖတ်သနည်းဟု မေးတော်မူလျှင်၊-
အရာရှိတစ်ယောက်က၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊-
ဖာရိရှဲနှင့် ကျမ်းတတ်တို့မူကား၊ သူတို့အကျိုးအလိုငှာ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော်ကိုပယ်၍ ယောဟန်၏ ဗတ္တိဇံကို မခံဘဲနေကြ၏။
ထိုသို့လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှာ၊ စုံစမ်းနှောင့်ယှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍နေတော်မူ၏။-