ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသော မိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့် အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏။-
လုကာ 1:42 - မြန်မာ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာ ရှိ၏။ သင်၏ဝမ်း၌ရှိသော သူငယ်သည်လည်း မြတ်စွာသောမင်္ဂလာ ရှိ၏။- Common Language Bible ``သင်သည်အမျိုးသမီးတကာတို့ထက်မင်္ဂလာ ရှိ၏။ သင်ဖွားအံ့သောသားသည်မင်္ဂလာရှိ၏။- Garrad Bible မိန်း မ တ ကာ တို့ ထက် သင်၌ မင်္ဂ လာ ရှိ၏။ သင် ဖွား အံ့ သော သား၌ လည်း မင်္ဂ လာ ရှိ၏။ Judson Bible သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာ ရှိ၏။ သင်၏ဝမ်း၌ရှိသော သူငယ်သည်လည်း မြတ်စွာသောမင်္ဂလာ ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း “သင်သည် မိန်းမတို့တွင် မင်္ဂလာရှိ၏။ သင်၏ဝမ်းတွင်းမှကလေးသည်လည်း မင်္ဂလာရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “သင်သည် မိန်းမတကာတို့ထက် မင်္ဂလာရှိ၏။ သင်၏ဗိုက်ထဲတွင်ရှိသော ကလေးသည်လည်း မင်္ဂလာရှိ၏။ |
ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသော မိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့် အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏။-
ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိသောသူငယ်သည် ခုန်၍၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊-
အကျွန်ုပ်သခင်၏မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။-
အကြောင်းမူကား၊ မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။-
ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။-