လုကာ 1:38 - မြန်မာ မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ၏။ Common Language Bible မာရိက ``ကျွန်မသည်ထာဝရဘုရား၏ အစေခံဖြစ်ပါ၏။ အရှင်ဖော်ပြသည့်အတိုင်း ပင်ဖြစ်ပါစေသော'' ဟုကောင်းကင်တမန်အား ပြန်ပြော၏။ ထိုအခါကောင်းကင်တမန်သည် မာရိထံမှထွက်ခွာသွား၏။ Garrad Bible မာ ရိ က၊ ကျွန် မ သည် ထာ ဝ ရ ဘု ရား၏ ကျွန် မ ဖြစ် ပါ သည်။ အ ရှင့် စ ကား အ တိုင်း ဖြစ် ပါ စေ တော့ ဟု ဝန် ခံ ပြီး နောက် စေ တ မန် တော် ထွက် သွား ၏။ Judson Bible မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မာရိက “ကျွန်မသည် ထာဝရဘုရား၏အစေအပါးဖြစ်ပါ၏။ အရှင်၏စကားအတိုင်း ကျွန်မ၌ဖြစ်ပါစေ”ဟု ဝန်ခံ၏။ ထို့နောက် ကောင်းကင်တမန်သည် မာရိထံမှ ထွက်ခွာသွားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မာရိက “ကျွန်မသည် ထာဝရဘုရား၏အစေခံဖြစ်ပါ၏။ အရှင်၏စကားတော်အတိုင်း ကျွန်မ၌ဖြစ်ပါစေ” ဟု ဝန်ခံလေ၏။ ထို့နောက် ကောင်းကင်တမန်သည်လည်း မာရိထံမှ ထွက်ခွာသွားလေ၏။ |
ထိုအခါ မာရိသည်ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တစ်မြို့သို့ အလျင်အမြန် သွားပြီးလျှင်၊-
အကြောင်းမူကား၊ မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။-