လုကာ 1:28 - မြန်မာ ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသော မိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့် အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏။- Common Language Bible သူ၏နာမည်မှာမာရိဖြစ်၏။ ကောင်းကင်တမန် သည်မာရိထံသို့လာ၍ ``ထူးကဲသောကျေးဇူး တော်ကိုခံစားရသည့်အမျိုးသမီး၊ သင်သည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူသည်'' ဟုဆို၏။ Garrad Bible ကျေး ဇူး တော် မြတ် ကို ခံ ရ သော သင်၌ မင်္ဂ လာ ရှိ စေ သော။ ထာ ဝ ရ ဘု ရား သည် သင် နှင့် အ တူ ရှိ တော် မူ သည် ဟု မြွက် ဆို လျှင်၊ Judson Bible ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသော မိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့် အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်တမန်သည် မာရိထံသို့ဝင်လာ၍ “ကျေးဇူးတော်ခံစားရသောအမျိုးသမီး၊ သင်သည်မင်္ဂလာရှိပါစေသော။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏”ဟု မြွက်ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂါဗြေလသည် မာရိထံသို့ ရောက်လာ၍ “ထာဝရဘုရား၏မျက်နှာသာပေးတော်မူခြင်းခံရသောအမျိုးသမီး… သင်သည် မင်္ဂလာရှိပါစေ။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူသည်” ဟု ဆို၏။ |
မယှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေလွှတ်တော်မူ၏။ သတို့သမီးကညာကား၊ မာရိအမည်ရှိ၏။-
မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံး မငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆက်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင်၍နေ၏။-
ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာရပြီ။-
သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာ ရှိ၏။ သင်၏ဝမ်း၌ရှိသော သူငယ်သည်လည်း မြတ်စွာသောမင်္ဂလာ ရှိ၏။-