ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊-
ရှင်ယောဟန် 7:11 - မြန်မာ ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။- Common Language Bible ယုဒအာဏာပိုင်တို့သည်ထိုပွဲတော်တွင် ကိုယ်တော်ကိုရှာလျက် ``ထိုသူကားအဘယ် မှာနည်း'' ဟုမေးမြန်းကြ၏။- Garrad Bible ထိုပွဲတွင် ယုဒလူမျိုးတို့သည်ကိုယ်တော်ကိုရှာလျက် အဘယ်မှာရှိသနည်းဟုမေးမြန်းကြရာ၊ Judson Bible ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုပွဲတော်တွင် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုလိုက်ရှာလျက် “ထိုသူသည် အဘယ်မှာရှိသနည်း”ဟု မေးမြန်းကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုပွဲတွင် ဂျူးခေါင်းဆောင်များက ယေရှုကို ရှာဖွေလျက် “ယေရှုသည် အဘယ်မှာ ရှိသနည်း” ဟု မေးမြန်းကြ၏။ |
ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊-
ထိုသူတို့သည် ယေရှုကိုရှာဖွေ၍၊ အချင်းတို့၊ အဘယ်သို့ထင်ကြသနည်း။ သူသည် ပွဲသို့မလာသလောဟု ဗိမာန်တော်၌ရပ်လျက် အချင်းချင်းမေးမြန်းကြ၏။-
ထိုနောက်မှ ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောငှာ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှာ အလိုတော်မရှိ။
သို့သော်လည်း ယုဒလူတို့ကိုကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်းမပြောဝံ့ကြ။
ယုဒလူတို့သည် အံ့ဩ၍၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟု ဆိုကြ၏။-
လူများကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင်၊ အကျွန်ုပ်မသိဟုဆို၏။