ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားသော်လည်း တစ်ကောင်ကိုမျှ မရပါ။ သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်ဟု လျှောက်လေ၏။
ရှင်ယောဟန် 21:3 - မြန်မာ ရှိမုန်ပေတရုက၊ ကျွန်ုပ်သည် ငါးဖမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့က၊ အကျွန်ုပ်တို့လည်းလိုက်မည်ဟု ပြောဆိုသည်နှင့် ထွက်သွားကြ၏။ ချက်ချင်းလှေထဲသို့ဝင်၍ ထိုညတွင် တစ်ကောင်ကိုမျှမရကြ။- Common Language Bible ရှိမုန်ပေတရုကအခြားသူတို့အား ``ငါ ငါးဖမ်းထွက်မည်'' ဟုဆို၏။ ထိုသူတို့က ``ငါတို့လည်းလိုက်မည်'' ဟုဆို ကြ၏။ သို့ဖြစ်၍သူတို့သည်လှေဖြင့်ငါးဖမ်း ထွက်ကြ၏။ သို့သော်ထိုညတစ်ညလုံးငါး တစ်ကောင်ကိုမျှမမိကြ။- Garrad Bible ရှိမုန်ပေတရုက ငါးဖမ်းသွားမည်ဟုဆိုရာ ငါတို့လည်းလိုက်မည်ဟုဆိုကြသဖြင့် ထွက်သွား၍လှေပေါ်သို့တက်ကြသည့်နောက်၊ Judson Bible ရှိမုန်ပေတရုက၊ ကျွန်ုပ်သည် ငါးဖမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့က၊ အကျွန်ုပ်တို့လည်းလိုက်မည်ဟု ပြောဆိုသည်နှင့် ထွက်သွားကြ၏။ ချက်ချင်းလှေထဲသို့ဝင်၍ ထိုညတွင် တစ်ကောင်ကိုမျှမရကြ။- မြန်မာ့စံမီသမ္မာကျမ်း ရှိမုန်ပေတရုက “အကျွန်ုပ်ငါးသွားဖမ်းမည်”ဟု ဆို၏။ ထိုသူတို့က “အကျွန်ုပ်တို့လည်း သင်နှင့်အတူလိုက်မည်”ဟု ဆိုလျက် ထွက်သွား၍ လှေပေါ်သို့တက်ကြ၏။ သို့သော် ထိုညတွင် မည်သည့်အရာကိုမျှမရကြချေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှိမုန်ပေတရုက “ငါးဖမ်းသွားမည်” ဟု ဆိုလျှင် သူတို့က “ငါတို့လည်း လိုက်မည်” ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့အားလုံးသည် လှေဖြင့် ငါးဖမ်းထွက်ကြ၏။ သို့သော် တစ်ညလုံး ငါးတစ်ကောင်မျှ မမိကြ။ |
ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားသော်လည်း တစ်ကောင်ကိုမျှ မရပါ။ သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်ဟု လျှောက်လေ၏။
နံနက်ရောက်သောအခါ ယေရှုသည် ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ။-