သို့သော်လည်း ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ်ပုဆိုးသာရှိရစ်သည်ကို မြင်လျှင်၊ ထိုအကြောင်းအရာကို အံ့ဩ၍ မိမိအိမ်သို့ ပြန်သွား၏။
ရှင်ယောဟန် 20:10 - မြန်မာ နောက်မှ ထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။ Common Language Bible ထိုနောက်တပည့်တော်နှစ်ဦးတို့သည်ပြန်ကြ၏။ Garrad Bible ၎င်းနောက်ထိုတပည့်တော်တို့သည် အိမ်သို့ပြန်သွားကြ၏။ Judson Bible နောက်မှ ထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထိုတပည့်တော်တို့သည် မိမိတို့အိမ်သို့ ပြန်သွားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ထိုတပည့်တော်နှစ်ဦးတို့သည် အိမ်သို့ပြန်ကြ၏။ |
သို့သော်လည်း ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ်ပုဆိုးသာရှိရစ်သည်ကို မြင်လျှင်၊ ထိုအကြောင်းအရာကို အံ့ဩ၍ မိမိအိမ်သို့ ပြန်သွား၏။
သင်တို့သည် ကွဲပြား၍ ငါ့ကို တစ်ကိုယ်တည်းနေစေခြင်းငှာ စွန့်ပစ်လျက်၊ အသီးအသီးမိမိတို့နေရာသို့ ပြေးသွားမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည် တစ်ကိုယ်တည်းနေသည်မဟုတ်။ ခမည်းတော်သည် ငါနှင့်အတူရှိတော်မူ၏။-
မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ် ငုံ့၍တွင်းထဲသို့ကြည့်လျှင်၊-