စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတ္တံ့။-
ရှင်ယောဟန် 14:8 - မြန်မာ ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်၊- Common Language Bible ဖိလိပ္ပုက ``အရှင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ သို့ပြတော် မူလျှင်အကျွန်ုပ်တို့အလိုပြည့်ပါပြီ'' ဟု လျှောက်၏။ Garrad Bible ဖိလိပ္ပုကလည်း အရှင်ဘုရား၊ ခမည်းတော်ကိုတပည့်တော်တို့အားပြတော်မူပါ။ စိတ်ကျေနပ်ကြပါလိမ့်မည်ဟု လျှောက်သည့်ကာလ၊ Judson Bible ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ဖိလိပ္ပုက “သခင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့အတွက် လုံလောက်ပါပြီ”ဟု လျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖိလိပ္ပုက “သခင်… ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ပြတော်မူလျှင် အကျွန်ုပ်တို့ စိတ်ကျေနပ်မှုရပါလိမ့်မည်” ဟု လျှောက်၏။ |
စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတ္တံ့။-
နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကိုမခေါ်မီ၊ သင်သည် သင်္ဘောသဖန်းပင်အောက်၌ ရှိသည်ကို ငါမြင်သည်ဟု ပြန်၍မိန့်တော်မူလျှင်၊-
ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အား အတည့်အလင်းဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည်။-