ပြုလျှင်ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကိုလည်းကောင်း၊ ငါသည်ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း ယုံ၍ သိမှတ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 14:20 - မြန်မာ ငါသည် ခမည်းတော်၌ရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိသည်ကိုလည်းကောင်း၊ ငါသည် သင်တို့၌ရှိသည်ကိုလည်းကောင်း၊ ထိုနေ့၌ သင်တို့သည် သိရကြလိမ့်မည်။- Common Language Bible ငါသည်ခမည်းတော်၌တည်နေသည်ကိုလည်း ကောင်း၊ သင်တို့သည်ငါ၌တည်နေ၍ငါသည် လည်းသင်တို့၌တည်နေသည်ကိုလည်းကောင်း ထိုနေ့ရက်၌သင်တို့သိကြလိမ့်မည်။'' Garrad Bible ထိုနေ့ရက်ကာလတွင် ခမည်းတော်၌ငါတည်သည်ကိုလည်းကောင်း၊ ငါ၌သင်တို့တည်ကြသည်ကိုလည်းကောင်း၊ သင်တို့၌ ငါတည်သည်ကိုလည်းကောင်း၊ သင်တို့သိကြလိမ့်မည်။ Judson Bible ငါသည် ခမည်းတော်၌ရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိသည်ကိုလည်းကောင်း၊ ငါသည် သင်တို့၌ရှိသည်ကိုလည်းကောင်း၊ ထိုနေ့၌ သင်တို့သည် သိရကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့တွင် ငါ့ခမည်းတော်၌ ငါရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိ၍ ငါသည် သင်တို့၌ရှိသည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ တည်၍ ငါသည်လည်း သင်တို့၌ တည်သည်ကိုလည်းကောင်း ငါအသက်ပြန်၍ ရှင်သောနေ့၌ သင်တို့သိကြလိမ့်မည်။ |
ပြုလျှင်ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကိုလည်းကောင်း၊ ငါသည်ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း ယုံ၍ သိမှတ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကိုကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။-
ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း ယုံကြလော။ ငါ့စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။-
ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငါ၏နာမကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။-
ထိုကာလ၌ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ဆုတောင်းကြလိမ့်မည်။ သင်တို့အဖို့အလိုငှာ ငါသည် ခမည်းတော်ကို တောင်းမည်ဟုမဆို။-
ယခုမှစ၍အကျွန်ုပ်သည် ဤလောက၌မရှိပါ၊ ဤသူတို့မူကား၊ ဤလောက၌ ရှိရစ်ရကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌တည်စေတော်မူပါ။-
ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည် သူတို့၌ရှိစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်သည် သူတို့၌ ရှိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အား ပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါမည်ဟု မိန့်မြွက်တော်မူ၏။
အကျွန်ုပ်အား ပေးတော်မူသမျှတို့သည် ကိုယ်တော်မှဖြစ်ကြောင်းကို သူတို့သည် ယခုသိကြပါ၏။-