မိမိတို့ အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပယ်ကြ၏။ ထိုသို့သော အကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။
ရှင်မာကု 7:9 - မြန်မာ သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကို ကျင့်ရသောအခွင့် ရှိစေခြင်းငှာ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။- Common Language Bible ဆက်လက်၍ကိုယ်တော်က``သင်တို့သည်မိမိတို့ ၏ထုံးတမ်းစဉ်လာများအတိုင်းကျင့်သုံးနိုင် ကြစေရန် ဘုရားသခင်၏ပညတ်တို့ကိုပစ် ပယ်ပုံမှာကျွမ်းကျင်လေစွတကား။- Garrad Bible ၎င်း ပြင် ကိုယ် တော် က သင် တို့ ရှေး ထုံး နည်း ကို လိုက် နာ ခွင့် ရ စေ ရန် ဘု ရား သ ခင့် ပ ညတ် တော် ကို ပယ် ကြ သည် မှာ သင့် လျှော် ပေ စွ။ Judson Bible သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကို ကျင့်ရသောအခွင့် ရှိစေခြင်းငှာ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် သူတို့အား“သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းကိုတည်စေရန် ဘုရားသခင်၏ပညတ်တော်ကို ကောင်းစွာပစ်ပယ်ကြသည်တကား။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆက်လက်၍ ကိုယ်တော်က “သင်တို့သည် မိမိတို့၏ ဓလေ့ထုံးတမ်းကို ထိန်းသိမ်းရန်အတွက် ဘုရားသခင်၏ ပညတ်တော်ကို ပစ်ပယ်ကြ၏။ |
မိမိတို့ အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပယ်ကြ၏။ ထိုသို့သော အကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။
အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသော နည်းဥပဒေသကိုခံယူသော ဖာရိရှဲမှစ၍ ယုဒလူအပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကို စားလေ့မရှိ။-
ထိုအခါ ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့က၊ ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေသကို ကိုယ်တော်၏ တပည့်တို့သည် မကျင့်ဘဲလျက် အဘယ်ကြောင့် ညစ်ညူးသောလက်နှင့် အစာစားကြပါသနည်းဟု မေးလျှောက်ကြလျှင်၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊-