ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတို့ အလိုရှိသောသူ တစ်ယောက်ယောက်ကို လွှတ်မြဲထုံးစံရှိ၏။-
မဿဲ 27:16 - မြန်မာ ထိုအခါ အကျဉ်းထားသောသူတို့တွင် ဗာရဗ္ဗအမည်ရှိသော ကျော်စောသောသူ တစ်ယောက်ရှိ၏။- Common Language Bible ထိုအချိန်၌ယေရှုဗာရဗ္ဗဆိုသူနာမည်ဆိုး အကျဉ်းသမားတစ်ယောက်ရှိ၏။- Garrad Bible ဗာ ရ ဗ္ဗ ခေါ် ကျော် စော သော အ ကျဉ်း သား တစ် ယောက် ရှိ သည် နှင့် Judson Bible ထိုအခါ အကျဉ်းထားသောသူတို့တွင် ဗာရဗ္ဗအမည်ရှိသော ကျော်စောသောသူ တစ်ယောက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင် ဗာရဗ္ဗဟုခေါ်သည့် ထင်ပေါ်ကျော်ကြားသော အကျဉ်းသားတစ်ယောက်ရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနှစ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ဗာရဗ္ဗဟု ခေါ်သည့် အကျဉ်းသားတစ်ဦးရှိ၏။ |
ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတို့ အလိုရှိသောသူ တစ်ယောက်ယောက်ကို လွှတ်မြဲထုံးစံရှိ၏။-
လူများစည်းဝေးကြသည်ရှိသော်၊ ပိလတ်မင်းက၊ သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း။ ဗာရဗ္ဗကို လွှတ်စေချင်သလော။ ခရစ်ဟုခေါ်ဝေါ်သော ယေရှုကို လွှတ်စေချင်သလောဟု လူများတို့အား မေးလေ၏။-
ထိုအခါ ပုန်ကန်၍ လူအသက်ကိုသတ်သော အပြစ်သင့်သော ဗာရဗ္ဗအမည်ရှိသော သူတစ်ယောက်သည်၊ ပုန်ကန်သော အပေါင်းအဖော်တို့နှင့်တကွ အကျဉ်းခံလျက်ရှိ၏။-
ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲမှာ လှောင်ထားသောသူကို လူများတောင်းသည်အတိုင်း လွှတ်ပြီးမှ၊ ယေရှုကို သူတို့ အလိုသို့ အပ်လိုက်လေ၏။
တစ်ဖန် လူအပေါင်းတို့က၊ ဤသူကို မလွှတ်စေချင်ပါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု အော်ဟစ်၍ လျှောက်ဆိုကြ၏။ ထိုဗာရဗ္ဗကား ဓားပြဖြစ်သတည်း။