အသီးသီးချိန် ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှာ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေလွှတ်လေ၏။-
မဿဲ 22:3 - မြန်မာ ထိုမင်းကြီးသည် ဖိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှာ လုလင်တို့ကို စေလွှတ်သောအခါ ထိုသူတို့သည် မလာဘဲနေကြ၏။- Common Language Bible မင်းကြီးသည်ဖိတ်ကြားထားသူများထံသို့မင်း စေတို့ကိုလွှတ်၍ခေါ်ဖိတ်စေ၏။ သို့ရာတွင်သူတို့ သည်မလာလိုကြ။- Garrad Bible ဖိတ် ထား သူ တို့ ကို ခေါ် ရန် မင်း စေ များ ကို လွှတ် သည့် ကာ လ မ လာ လို နေ ကြ ရာ၊ Judson Bible ထိုမင်းကြီးသည် ဖိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှာ လုလင်တို့ကို စေလွှတ်သောအခါ ထိုသူတို့သည် မလာဘဲနေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် ဖိတ်ခေါ်ထားသောသူတို့ကို မင်္ဂလာဆောင်ပွဲသို့ခေါ်လာရန် မိမိ၏အစေအပါးတို့ကိုစေလွှတ်သော်လည်း သူတို့သည် မလာလိုကြပေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုဘုရင်သည် မင်္ဂလာဧည့်ခံပွဲသို့ ဖိတ်ခေါ်ခံထားရသောသူများကို ခေါ်ရန် အစေအပါးတို့အား စေလွှတ်၏။ သို့သော် ထိုသူတို့သည် လာရန်ငြင်းဆိုကြ၏။ |
အသီးသီးချိန် ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှာ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေလွှတ်လေ၏။-
အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည်ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။-
ယေရှုကလည်း မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် စိတ်မသာ ညည်းတွားတတ်ကြသလော။ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဖော်တို့နှင့် ခွာ၍ ယူသွားသော အချိန်ကာလ ရောက်လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။-
အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိ၏။ သင်မူကား အလိုမရှိ။-
ထိုမှတစ်ပါး ငါ၏အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာသတ်ကြဟု စီရင်တော်မူသည်ဟု မိန့်တော်မူ၏။