လမ်းခရီးဖို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝှေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။-
မဿဲ 10:11 - မြန်မာ မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင်၊ ထိုမြို့ရွာ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု မေးမြန်း၍၊ ထိုမြို့ရွာမှ မထွက်မသွားမီတိုင်အောင် ထိုသူ၏အိမ်တွင် နေကြလော့။- Common Language Bible ``မည်သည့်မြို့ရွာသို့မဆိုသင်တို့ဝင်သောအခါ သင်တို့အားကြိုဆိုလက်ခံမည့်သူကိုရှာကြလော့။ ထိုမြို့ရွာမှထွက်ခွာ၍မသွားမချင်းထိုသူ၏ ထံတွင်တည်းခိုကြလော့။- Garrad Bible မည် သည့် မြို့ ရွာ ကို မ ဆို ဝင် သော် မည် သူ ထိုက် တန် ကြောင်း စူး စမ်း ရှာ ဖွေ ပြီး လျှင်၊ ထို မြို့ ရွာ မှ မ ထွက် မ သွား မီ သူ့ အိမ်၌ တည်း ခို ကြ လော့။ Judson Bible မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင်၊ ထိုမြို့ရွာ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု မေးမြန်း၍၊ ထိုမြို့ရွာမှ မထွက်မသွားမီတိုင်အောင် ထိုသူ၏အိမ်တွင် နေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း မည်သည့်မြို့ရွာသို့မဆို သင်တို့ဝင်ကြသောအခါ ထိုမြို့ရွာ၌ မည်သူသည် ထိုက်တန်သောသူဖြစ်သည်ကို ရှာဖွေစုံစမ်းပြီး ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုသူ၏အိမ်၌ တည်းခိုကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မြို့တစ်မြို့၊ သို့မဟုတ် ရွာတစ်ရွာသို့ ဝင်သောအခါ သင်တို့အား လက်ခံကြိုဆိုမည့်သူကို ရှာ၍ ထိုမြို့ရွာမှ မထွက်မီတိုင်အောင် သူ၏အိမ်၌သာ တည်းခိုကြလော့။ |
လမ်းခရီးဖို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝှေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။-
ထိုမှတစ်ပါး သင်တို့သည် မည်သည်အိမ်သို့ဝင်လျှင်၊ ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမီတိုင်အောင် နေကြလော့။-
ထိုအကြောင်းကို လူအပေါင်းတို့သည်မြင်လျှင်၊ ဆိုးသောလူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။-
မည်သည့် အိမ်သို့ဝင်လျှင် ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမီတိုင်အောင် နေကြလော့။ အကြင်သူတို့သည် သင်တို့အား ဧည့်သည်ဝတ်ကို မပြုဘဲနေ၏။-