သုတ္တံကျမ်း။ 9:7 - Garrad Bible မ ထီ လေး စား ပြု သော သူ့ ကို ဆုံး မ သူ သည်၊ အ ရှက် ကွဲ ရ လျက်၊ လူ ဆိုး ကို ပဲ့ ပြင် သော သူ လည်း၊ အ စွန်း နှင့် မ လွတ် ရာ၊ Common Language Bible မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို၎င်း၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို၎င်း ခံရလိမ့်မည်။ Judson Bible မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကိုလည်းကောင်း၊ လူဆိုးကို အပြစ်ပြသောသူသည် ကဲ့ရဲ့ခြင်းကိုလည်းကောင်း ခံရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ပြက်ရယ်ပြုတတ်သောသူကို ပဲ့ပြင်သောသူသည် အရှက်ခွဲခြင်းကိုခံရ၍ ဆိုးယုတ်သောသူကို ဆုံးမသောသူသည် ကိုယ်တိုင် အနာတရဖြစ်လိမ့်မည်။ |
အာ ဟပ် မင်း က၊ အ ချင်း ရန် သူ၊ ငါ့ ကို တွေ့ ပြီ လော ဟု ဆို လျှင် ဧ လိ ယ က၊ ငါ တွေ့ ရ ပြီ။ သင် သည် ထာ ဝ ရ ဘုရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု လို၍ ကိုယ် ကို ရောင်း လေ ပြီ ဖြစ် သော ကြောင့်
ထို နောက် ခေ နာ နာ့ သား ဇေ ဒ ကိ သည် ချဉ်း လာ၍ မိ က္ခာ၏ ပါး ကို ပုတ် လျက် ထာ ဝ ရ ဘု ရား ၏ ဝိ ညာဉ် တော် သည် ငါ့ ထံ မှ ထွက် ခွာ၍ သင့် ကို ထောက် ခံ ရန် မည် သို့ ရောက် လာ သ နည်း ဟု မေး လျှင်
နှောင် အိမ်၌ သွင်း လျက် ဆင်း ရဲ စွာ စား သောက် စေ ဟူ သော အ မိန့် တော် ကို ဆင့် ဆို လော့ ဟု မိန့် မှာ လျှင်
လူ မျိုး တော် အ ပေါ် တွင် တင် ထား သော အ မျက် တော် မ ငြိမ်း နိုင် အောင်၊ ဘု ရား သ ခင် တ မန် တော် တို့ အား ကဲ့ ရဲ့ ခြင်း၊ ဗျာ ဒိတ် တော် ကို မ ထီ လေး စား ခြင်း၊ ပ ရော ဖက် တို့ အား ပြောင် လှောင် ခြင်း များ ကို ပြု ကြ သည် နှင့်၊
ဘု ရား သ ခင် ပဲ့ ပြင် တော် မူ သော သူ၌ မင်္ဂ လာ ရှိ သည် ဖြစ်၍၊ အ န န္တ တန် ခိုး ရှင် ဆုံး မ တော် မူ ခြင်း ကို ပေါ့ ပေါ့ ဆ ဆ မ ပြု ပါ နှင့်။
ပ ညာ ရှိ သော သား သည်၊ အ ဘ၏ ဆုံး မ ခြင်း ကို လိုက် နာ တတ်၏။ မ ထီ မဲ့ မြင် ပြု သူ မူ ကား၊ ပဲ့ ပြင် ခြင်း ကို မ လိုက် မ နာ တတ်။
မ ထီ လေး စား ပြု တတ် သူ သည်၊ ဆုံး မ ပဲ့ ပြင် ခြင်း ကို မ နှစ် သက် သ ဖြင့်၊ ပ ညာ ရှိ တို့ ထံ မ ဝင် လို။
မိုက် မဲ သူ နား ကြား အောင် မ ပြော နှင့်။ သင့် ပ ညာ စ ကား ကို မ ထီ မဲ့ မြင် ပြု လိမ့် မည်။
ထို သူ တို့ သည် မ တုံ့ မ ပြန် ကြ နှင့် ဟူ သော ဘု ရင့် အ မိန့် တော် ကို နာ ခံ ရ သည့် အ တိုင်း ခွန်း တုံ့ မ ပြန်၊ ဆိတ် ဆိတ် နေ ကြ ၏။