သုတ္တံကျမ်း။ 5:5 - Garrad Bible အ သက် လမ်း သို့ သင် ညီ ညွတ် စွာ မ လိုက် စေ ရန်၊ သူ့ ခြေ များ သည် သေ ခြင်း သို့ ဆင်း သွား လျက်၊ ခြေ လှမ်း များ လည်း မ ရ ဏာ့ နိုင် ငံ တိုင် ဆိုက် ကပ်၍၊ ကိုယ့် အ လေ့ အ လာ များ တိမ်း ယိမ်း ကြောင်း ကို လည်း မ သိ ချေ။ Common Language Bible သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍၊ သူသွား ရာလမ်းသည် မရဏာနိုင်ငံသို့ ရောက်တတ်၏။ Judson Bible သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍၊ သူသွားရာလမ်းသည် မရဏနိုင်ငံသို့ ရောက်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း သူ၏ခြေသည် သေခြင်းသို့ဆင်းသွား၍ သူ၏ခြေလှမ်းတို့သည် မရဏာနိုင်ငံသို့ ဦးတည်လျက်ရှိ၏။ |
သူ့ အိမ် သည် သေ မင်း ၏ ဘုံ ဗိ မာန်၊ မ ရ ဏာ့ နိုင် ငံ သို့ ဆင်း သွား ဆိုက် ရောက် သော လမ်း ဖြစ် သ တည်း။
ညွှတ် ကွင်း နှင့် ပိုက် ကွန် သ ဖွယ် နှ လုံး၊ နှောင် ကြိုး သ ဖွယ် လက် ရှိ သော မိန်း မ သည်၊ သေ ခြင်း ထက် နစ် နာ ရန် အ ကြောင်း ဖြစ် သည် ကိုငါ တွေ့ ၏။ ဘု ရား သ ခင် စိတ် တော် နှင့် တွေ့ သော သူ သည်၊ လွတ် မြောက် ခွင့် ရ သော် လည်း၊ အ ပြစ် သား ဖမ်း ချုပ် ခံ ရ သ တည်း။
သေ မင်း အ မည် ရှိ သော စီး နင်း သူ နှင့် လိုက် ပါ သူ မ ရ ဏာ တို့ သည် မြေ ကြီး လေး စိတ် တစ် စိတ် တွင် ဓား ဘေး၊ အ စာ ခေါင်း ပါး ခြင်း ဘေး၊ ကပ် ရော ဂါ ဘေး၊ သား ရဲ ဘေး များ ဖြင့် အ သေ သတ် စေ ရန် အ ခွင့် အာ ဏာ ရ သည် ကို လည်း ကောင်း မြင် ရ ၏။