သူ သည် ဒု စ ရိုက် ပြု ခြင်း နှင့် လှည့် စား ခြင်း အ ကြောင်း နှုတ် မြွက် လျက်၊ လိ မ္မာ စွာ သု စ ရိုက် ပြု ခြင်း ကို လှပ် ထား လျက်၊
သုတ္တံကျမ်း။ 4:16 - Garrad Bible ထို သူ တို့ သည် အ ဆိုး မ ပြု ဘဲ အိပ် ပျော် လေ့ မ ရှိ ကြ။ သူ တစ် ထူး ကို မ ထိ မ လဲ စေ ရ လျှင်၊ အိပ် ပျက် ခြင်း ဖြစ် ရာ ၏။ Common Language Bible သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။ Judson Bible သူတို့သည် သူတစ်ပါး၌ အပြစ်မပြုရလျှင် မအိပ်တတ်။ တစ်စုံတစ်ယောက်သောသူကို မလဲစေလျှင် အိပ်၍မပျော်တတ်။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူတို့သည် ဆိုးညစ်သောအမှုကိုမပြုရလျှင် အိပ်မပျော်နိုင်ကြ။ တစ်စုံတစ်ဦးကိုခလုတ်တိုက်အောင်မပြုရလျှင် မအိပ်စက်နိုင်ကြ။ |
သူ သည် ဒု စ ရိုက် ပြု ခြင်း နှင့် လှည့် စား ခြင်း အ ကြောင်း နှုတ် မြွက် လျက်၊ လိ မ္မာ စွာ သု စ ရိုက် ပြု ခြင်း ကို လှပ် ထား လျက်၊
ဒု စ ရိုက် ကို အိပ် ရာ ပေါ် တွင် ကြံ စည် လျက်၊ အ ဆိုး ကို မ ရွံ ရှာ ဘဲ၊ မ ကောင်း သော လမ်း ကို အ မြဲ လိုက် တတ် ၏။
လူ ဆိုး တို့ မူ ကား၊ မ ငြိမ် နိုင် အောင် လှုပ် ရှား၍ ရွှံ့ နှင့် အ မှိုက် ကို ပုတ် တင် သော သ မု ဒ္ဒ ရာ ရေ နှင့် တူ ကြ ၏။
ဆွေ မျိုး သား ချင်း ဟူ သ မျှ သည် လှည့် ပတ် စီး ပိုး ခြင်း၊ အ ပေါင်း အ ဖော် ဟူ သ မျှ လည်း၊ လှည့် လည် ကုန်း ချော ခြင်း ကို ပြု ကြ သ ဖြင့်၊ အ ပေါင်း အ ဖော် ကို သ တိ နှင့် ရှောင် လျက်၊ ဆွေ မျိုး သား ချင်း ကို ပင် စိတ် မ ချ ကြ နှင့်။
အိပ် ရာ ပေါ် တွင်၊ ဒု စ ရိုက် ကို ကြံ စည် လျက်၊ မ ကောင်း ကို ဆင် ခြင် လျက်၊ နံ နက် မိုး သောက် သည့် ကာ လ၊ သတ္တိ ရှိ သ လောက် ပြု သော သူ၊
မင်း သည် ပ ဏ္ဏာ တောင်း ခြင်း၊ တ ရား သူ ကြီး သည် တံ စိုး စား ခြင်း၊ အ ကြီး အ ကဲ သည် တပ် မက် ရာ ကို ဖော် ပြ ခြင်း ပြု သည် နှင့်၊ အ ဆိုး ကို လွန်း ပေါင်း တင် ကြ၏။
မိုး သောက် သော် ပ ရော ဟိတ် ကြီး များ၊ ကျမ်း တတ် ဆ ရာ များ တို့ သည် လူ မျိုး တော် တွင် လူ ကြီး တို့ နှင့် တ ကွ စု ရုံး၍ ကိုယ့် လွှတ် တော် သို့ ကိုယ် တော် ကို ယူ သွား ပြီး လျှင် သင် သည် ခ ရစ် တော် ဟုတ် မ ဟုတ် ဖော် ပြ လော့ ဟု ဆို ကြ ရာ၊
ထိုနောက်နံနက်စောစောအချိန် ယေရှုကို ကာယဖမင်းထံမှပရဲတောရိခေါ်ရုံးတော်သို့ ယူသွားကြရာ၊ ထိုသူတို့သည် မသန့်ရာရောက်သဖြင့် ပသခါပွဲကိုမစားရမည်စိုး၍ ရုံးတော်တွင်းသို့ မဝင်ဘဲနေကြသောကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်သွားလျက်၊
ချင် ရဲ မ ပြေ နိုင် သော ကိ လေ သာ မျက် စိ ရှိ လျက်၊ မ တည် ကြည် သူ တို့ ကို ဖြား ယောင်း လျက်၊ လော ဘ၌ ကျင် လည် သော စိတ် ရှိ လျက် အ မင်္ဂ လာ ခံ ထိုက် သူ များ ဖြစ် ကြ သည် တ ကား။