အ ဘ သည်၊ သား သ မီး များ ကို သ နား စုံ မက် သည့် နည်း တူ၊ ထာ ဝ ရ ဘု ရား သည်၊ ခန့် ညား သူ တို့ ကို သ နား စုံ မက် တော် မူ၏။
သုတ္တံကျမ်း။ 3:12 - Garrad Bible အ ဘ သည် နှစ် သက် သော သား ကို ဆုံး မ သည့် နည်း တူ ပင်၊ ထာ ဝ ရ ဘု ရား လည်း၊ ချစ် တော် မူ သော သူ့ ကို ဆုံး မ တော် မူ၏။ Common Language Bible ထာဝရဘုရားသည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသော သူကို ဆုံးမ တော်မူတတ်၏။ Judson Bible ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသူကို ဒဏ်ခတ်တော်မူတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဖခင်သည် နှစ်သက်သောသားကို ဆုံးမတတ်သကဲ့သို့ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ၏။ |
အ ဘ သည်၊ သား သ မီး များ ကို သ နား စုံ မက် သည့် နည်း တူ၊ ထာ ဝ ရ ဘု ရား သည်၊ ခန့် ညား သူ တို့ ကို သ နား စုံ မက် တော် မူ၏။
အို ထာ ဝ ရ ဘု ရား၊ လူ ဆိုး တို့ အ ဖို့ တွင်း တူး သည့် ကာ လ မ တိုင် မီ၊ ဒု က္ခ နေ့ ရက် ကာ လ မှ လွတ် ငြိမ်း ခွင့် ကို သ နား ခြင်း ငှာ၊ ကိုယ် တော် ဆုံး မ၍၊ တ ရား တော် ကို သွန် သင် ခံ ရ သော သူ သည် မင်္ဂ လာ ရှိ ပါ၏။
ကြိမ် လုံး ကို မ သုံး သူ သည်၊ သား ကို မုန်း ရာ ရောက်၏။ ချစ် သော သူ မူ ကား၊ အ ရံ သင့် ဆုံး မ တတ် ၏။
သား ကို ဆုံး မ လော့။ သူ သည် သင့် အား ချမ်း သာ စေ သည့် ပြင်၊ စိတ် ပျော် ခွင့် ကို လည်း ပေး လိမ့် မည်။
သား အား အ ဘ ဆုံး မ သည့် နည်း တူ ပင်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ အား ဆုံး မ တော် မူ သည် ကို နှ လုံး သွင်း လျက်
ငါ သည် ချစ် သ မျှ သော သူ တို့ ကို ဆုံး မ ပဲ့ ပြင် တတ် သည် ဖြစ်၍ စိတ် ထက် သန် လျက် နောင် တ ရ လော့။