သုတ္တံကျမ်း။ 18:9 - Garrad Bible အ လုပ် ပျင်း ရိ သော သူ သည်၊ ဖြုန်း တီး တတ် သူ နှင့် ညီ အစ် ကို တော် ၏။ Common Language Bible အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။ Judson Bible အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသောသူနှင့် ညီအစ်ကိုတော်ပေ၏။ မြန်မာ့စံမီသမ္မာကျမ်း မိမိ၏အလုပ်၌ပျင်းရိသောသူသည် အဖျက်သမားနှင့်ညီအစ်ကိုတော်၏။ |
ဖင့် နွှဲ သော လက် ဖြင့် လုပ် ကိုင် သူ သည်၊ ဆင်း ရဲ ခြင်း သို့ ရောက်၍၊ လျင် မြန် သော လက် နှင့် လုပ် ကိုင် သူ ကား၊ ကြွယ် ဝ လိမ့် မည်။
ကုန်း ချော သူ၏ စ ကား သည် မြိန် ရှက် သော ဘော ဇဉ် သ ဖွယ် ဖြစ်၍၊ ဝမ်း အ တွင်း သို့ ဝင် တတ် ၏။
တ ရား ကို မ လွန် ကျူး ဟု ဆို လျက်၊ မိ ဘ ဥ စ္စာ ကို လု ယက် သော သား သည်၊ ဖျက် ဆီး တတ် သူ၏ အ ပေါင်း အ ဖော် ဖြစ်၏။
အ ရှင် က အ ချင်း ကျွန် ဆိုး၊ ကျွန် ပျင်း၊ ငါ သည် ကိုယ် မ စိုက် ဘဲ လျက် ရိတ် ဖြတ်၊ ကိုယ် မ လှေ့ ဘဲ လျက် ကျီ သွင်း တတ် သည် ကို သင် သိ လျှင် ငါ့ ရွှေ ကို ရွှေ ပွဲ စား တို့ ထံ အပ် သင့် သည်။
မ ဖင့် မ နွှဲ လုံ့ လ ထုတ် လျက်၊ စိတ် စေ တ နာ ထက် သန် လျက်၊ အ ရှင် ဘု ရား၏ အ စေ တော် ကို ခံ လျက်၊
ပျင်း ရိ ခြင်း မ ရှိ ဘဲ ယုံ ကြည် ခြင်း၊ စိတ် ရှည် ခြင်း ကြောင့် က တိ တော် အ တိုင်း အ မွေ ခံ ရ သူ တို့ ပုံ စံ ကို လိုက် သူ များ ဖြစ် စေ လို၏။