ပုံ ဆောင် သော စ ကား ကို နှုတ် မြွက် လျက်၊ ရှေး ကာ လ က နက် နဲ ရာ များ ကို ဖော် ပြ မည်။
သုတ္တံကျမ်း။ 18:4 - Garrad Bible လူ့ နှုတ် မြွက် ချက် သည်၊ နက် နဲ သော ရေ၊ စီး မြဲ သော မြစ်၊ ပ ညာ စမ်း ရေ ကဲ့ သို့ ဖြစ်၏။ Common Language Bible နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့ ၎င်း၊ ပညာစမ်းရေတွင်းသည် ရေစီးသောမြစ်ကဲ့သို့၎င်း ဖြစ်၏။ Judson Bible နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့လည်းကောင်း၊ ပညာစမ်းရေတွင်းသည် ရေစီးသော မြစ်ကဲ့သို့လည်းကောင်းဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း လူ၏နှုတ်မှထွက်သောစကားတို့သည် နက်သောရေကဲ့သို့ဖြစ်၏။ ဉာဏ်ပညာ၏စမ်းရေတွင်းသည် စီးဆင်းနေသောစမ်းချောင်းကဲ့သို့ဖြစ်၏။ |
ပုံ ဆောင် သော စ ကား ကို နှုတ် မြွက် လျက်၊ ရှေး ကာ လ က နက် နဲ ရာ များ ကို ဖော် ပြ မည်။
သူ တော် ကောင်း၏ နှုတ် သည်၊ အ သက် ရေ တွင်း ဖြစ်၏။ လူ ဆိုး တို့၏ နှုတ် ကို ကား၊ ကြမ်း ကြုတ် ခြင်း ဖုံး အုပ် လေ၏။
ပ ညာ ရှိ ဩ ဝါ ဒ တ ရား သည်၊ သေ မင်း၏ ညွှတ် ကွင်း များ မှ လွှဲ ရှောင် ရန်၊ အ သက် စမ်း ရေ ဖြစ် ၏။
သ တိ ပ ညာ သည်၊ ပိုင် ဆိုင် သူ တို့ အ ဖို့ အ သက် စမ်း ရေ သ ဖွယ် ဖြစ်၏။ လူ ဗာ လ တို့၏ မိုက် မဲ မှု ကား၊ ကိုယ် ကို ဆုံး မ ခြင်း တည်း။
လူ ဆိုး လာ ရာ တွင်၊ မ ထီ မဲ့ မြင် ပြု ခြင်း ကိုလည်း ကောင်း၊ အ ရှက် ကွဲ ရာ တွင်၊ ကဲ့ ရဲ့ ခြင်း ကို လည်း ကောင်း၊ ခံ ရ၏။
လူ့ စိတ် နှ လုံး၌ အ ကြံ အ စည် သည်၊ နက် သော တွင်း ရေ နှင့် တူ သော် လည်း၊ ဉာဏ် ပ ဋိ ဘာန် ရှိ သော သူ သည်၊ ခပ် ယူ နိုင်၏။
အ ချင်း မြွေ ဆိုး သား တို့ စိတ် နှ လုံး ပြည့် လျှံ သည့် အ တိုင်း နှုတ် က မြွက် တတ် သည် ဖြစ်၍ ဆိုး သွမ်း သော သင် တို့ သည် ကောင်း သော စ ကား ကို မည် သို့ ပြော ဆို နိုင် မည် နည်း။
ငါပေးမည့်ရေကိုသောက်သူတိုင်းမူကား ကာလအစဉ်ရေငတ်တော့မည်မဟုတ်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်အဖို့ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟု ပြန်၍မိန့်တော်မူသည့်ကာလ၊
ခ ရစ် တော်၏ တ ရား တော် ကို သင် တို့ တွင် ကြွယ် ဝ စွာ တည် နေ စေ ပြီး လျှင် ခပ် သိမ်း သော ဉာဏ် ပ ညာ နှင့် ကျူး ဧ ချက်၊ ထော မ နာ ပြု ချက်၊ ဓ မ္မ ဂီ တ အ မျိုး မျိုး အား ဖြင့် တစ် ဦး ကို တစ် ဦး သင် ကြား ပဲ့ ပြင် လျက် ကျေး ဇူး တော် ကို ချီး မွမ်း၍ ဘု ရား သ ခင် အား စိတ် မ နော တွင် သီ ဆို ကြ လော့။
အ သီး အ သီး တို့ အား မည် သို့ ဖြေ ဆို သင့် ကြောင်း သိ စေ ခြင်း ငှာ ယဉ် ကျေး သော စ ကား ကို သင် တို့ အ ပြော အ ဆို တွင် ဆား သ ဖွယ် ခတ် ကြ လော့။