ငါ သည် မင်္ဂ လာ စ ကား နှင့် စိတ် တက် ကြွ လျက်၊ ပြည့် ရှင် မင်း ကြီး နှင့် စပ် လျဉ်း၍၊ ငါ စီ ကုံး သော စာ ကို မြွက် ဆို မည်။ ငါ့ လျှာ လည်း စာ ရေး ကောင်း၏ က ညစ် သ ဖွယ် ဖြစ် ၏။
သုတ္တံကျမ်း။ 15:2 - Garrad Bible ပ ညာ ရှိ တို့ လျှာ သည်၊ အ သိ ပ ညာ ကို တင့် တယ် စွာ မြွက် ဆို တတ်၏။ လူ ဗာ လ တို့၏ နှုတ် မူ ကား၊ မိုက် မဲ ခြင်း ကို သွန်း တတ်၏။ Common Language Bible ပညာရှိသော သူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။ Judson Bible ပညာရှိသောသူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ပညာရှိသောသူတို့၏လျှာသည် အသိပညာကိုထုတ်ဖော်တတ်၏။ မိုက်မဲသောသူတို့၏နှုတ်မူကား မိုက်မဲခြင်းကိုသွန်ထုတ်တတ်၏။ |
ငါ သည် မင်္ဂ လာ စ ကား နှင့် စိတ် တက် ကြွ လျက်၊ ပြည့် ရှင် မင်း ကြီး နှင့် စပ် လျဉ်း၍၊ ငါ စီ ကုံး သော စာ ကို မြွက် ဆို မည်။ ငါ့ လျှာ လည်း စာ ရေး ကောင်း၏ က ညစ် သ ဖွယ် ဖြစ် ၏။
ပါး စပ် က အ မြှုပ် ထွက် လျက်၊ နှုတ် ခမ်း တွင် သန် လျက် ပါ လျက်၊ မည် သူ ကြား လိမ့် မည် နည်း ဟု ဆို တတ် ကြ သည် တ ကား။
လိ မ္မာ သော သူ သည်၊ ကိုယ်၏ အ သိ ပ ညာ ကို ပင် သို ဝှက် တတ် ၏။ မိုက် မဲ သော သူ တို့ မူ ကား၊ ကိုယ်၏ မိုက် မဲ ခြင်း ကို ဖော် ပြ တတ် ၏။
လိ မ္မာ သော သူ ရှိ သ မျှ တို့ သည်၊ အ သိ ပ ညာ နှင့် ပြု လုပ် တတ် ကြ၏။ မိုက် မဲ သော သူ မူ ကား၊ မိုက် မဲ ခြင်း ကို ဖွင့် ပြ တတ် ၏။
တုံ့ ပြန် သော နှုတ် သ တ္တိ အား ဖြင့်၊ လူ၌ ရွှင် လန်း ခြင်း ရှိ၏။ အ ချိန် သင့်၍ ဆို သော စ ကား သည်၊ အ လွန် တင့် တယ် လေ၏။
သူ တော် ကောင်း သည်၊ မည် သို့ ပြန် ပြော ရ မည် ကို စိတ်၌ ဆင် ခြင် တတ်၏။ လူ ဆိုး တို့၏ နှုတ် မူ ကား၊ ဆိုး သွမ်း ခြင်း ကို သွန်း တတ်၏။
ပ ညာ ရှိ တို့၏ နှုတ် ခမ်း သည်၊ အ သိ ပ ညာ ကို ကြဲ ဖြန့် တတ်၏။ မိုက် မဲ သူ တို့၏ နှ လုံး မူ ကား၊ မ ရိုး မ ဖြောင့် တတ်။
ပ ညာ ရှိ၏ နှ လုံး သည်၊ ကိုယ် နှုတ် ကို သွန် သင်၍၊ ဩ ဝါ ဒ ကို လည်း နှုတ် ခမ်း တွင် တိုး တက် စေ လိမ့် မည်။
လူ မိုက် စ ကား ပေါ များ သော် လည်း ဖြစ် ပျက် အံ့ သော အ ကြောင်း အ ရာ ကို လူ မ သိ ချေ။ အ နာ ဂတ် အ ဖြစ် အ ပျက် ကို မည် သူ ဖော် ပြ နိုင် သ နည်း။
ဝေ ယျာ ဝ စ္စ များ သော ကြောင့်၊ အိပ် မက် တတ် သည့် နည်း တူ၊ စ ကား ပေါ များ သော ကြောင့်၊ လူ မိုက် ဇာ တိ ပေါ် တတ်၏။
ပင် ပန်း သူ တို့ အား၊ စ ကား ဖြင့် ထောက် ခံ နိုင် စေ ရန်၊ အ ရှင် ထာ ဝ ရ ဘု ရား သည် တ ပည့် ရင်း တို့ ၏ နှုတ် သ တ္တိ ကို၊ ငါ့ အား ပေး တော် မူ ပြီ။ တ ပည့် ရင်း တို့ ဘာ ဝ နာ ခံ စေ ခြင်း ငှာ၊ နံ နက် တိုင်း ငါ့ နား ကို နှိုး ဆော် တော် မူ ၏။