သုတ္တံကျမ်း။ 1:8 - Garrad Bible ငါ့ သား။ အ ဘ၏ ဆုံး မ ခြင်း ကို နာ ခံ လော့။ အ မိ ပြ သော တ ရား ကို လည်း မ စွန့် နှင့်။ Common Language Bible ငါ့သား၊ အဘ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။ Judson Bible ငါ့သား၊ အဘ၏နည်းဥပဒေသကိုနားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။ မြန်မာ့စံမီသမ္မာကျမ်း ငါ့သား၊ သင့်ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို နားထောင်လော့။ သင့်မိခင်၏သွန်သင်ချက်ကိုလည်း မပစ်ပယ်နှင့်။ |
ငါ့ သား ထို သူ တို့ နှင့် အ တူ မ လိုက် မ သွား နှင့်။ သူ တို့ လမ်း မှ လည်း ခြေ ဦး လှည့် လော့။
ငါ့ သား၊ သင် သည် ဉာဏ် ပ ညာ ကို နာ ယူ ၍၊ ဉာဏ် ပ ဋိ ဘာန် ကို စွဲ လမ်း သည့် တိုင် အောင်၊ ငါ့ စ ကား ကို နာ ခံ လျက်၊ ငါ ပ ညတ် များ ကို ပိုက် ကျုံး လျှင် လည်း ကောင်း၊
သင့် အား ဖြစ် ပွား စေ သော အ ဘ၏ စ ကား ကို နာ ခံ၍၊ အ သက် ကြီး ရင့် သော အ မိ ကို လည်း၊ မ ထီ လေး စား မ ပြု နှင့်။
ငါ့ သား၊ ငါ ပြ သော တ ရား ကို မ မေ့ မ လျော့ ဘဲ၊ ပ ညတ် များ ကို လည်း စိတ် နှ လုံး ၌ စောင့် ရှောက် လော့။
အ ကြင် သူ သည် အ ဘ ကို ပြက် ရယ် ပြု လျက်၊ အ မိ ကို မ ကြည် မ ညို၊ မ ထီ မဲ့ မြင် ပြု အံ့။ ထို သူ၏ မျက် စိ ကို ချိုင့် ရှိ ကျီး အ တို့ သည် ထုတ် ယူ၍။ လင်း တ သား ငယ် များ လည်း စား ကြ ရ လ တ္တံ့။
ဆ ရာ တို့ ကို နား မ ထောင်၊ ပဲ့ ပြင် သူ တို့၏ စ ကား ကို လည်း မ နာ မ ယူ ဘဲ နေ ခဲ့ မိ လေ ပြီ။
ကျွန် တော် တို့ သည် အ ဘ ဖြစ် သူ ရေ ခပ် သား ယော န ဒပ် မှာ ထား သ မျှ ကို နား ထောင် ၍ စ ပျစ် ရည် သောက် ခြင်း၊ နေ အိမ် ဆောက် ခြင်း၊ ခြံ၊ လယ် ယာမျိုး၊ အ ပိုင် ထား ခြင်း များ ကို၊ မ ယား သား သ မီး တို့ ပါ တစ် သက် ပတ် လုံး မ ပြု ဘဲ၊
အ သီး အ သီး တို့ သည် ကိုယ့် မိ ဘ ကို ခန့် ညား ခြင်း၊ ငါ့ ဥ ပုသ် နေ့ ကို စောင့် ခြင်း ပြု ကြ လော့။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။
ထမ်း စင် ထက် တင် လျက် အ ထံ တော် သို့ ဆောင် ခဲ့ ကြ၏။ ထို သူ တို့၏ ယုံ ကြည် ခြင်း ကို မြင် တော် မူ သော် ယေ ရှု က ငါ့ သား အား ယူ လော့၊ သင့် အ ပြစ် ပြေ လွတ် ပြီ ဟု သူ နာ အား မိန့် တော် မူ လျှင်၊
ငါ့ သ မီး အား ယူ လော့။ သင်၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ သည့် အ တိုင်း ပင် ထို အ ချိန် နာ ရီ က စ၍ ကျန်း မာ လေ၏။
ကောက် နယ် တ လင်း သို့ သွား ရောက် လျက် ယော က္ခ မ ပြော ဆို သ မျှ အ တိုင်း လိုက် နာ လေ ၏။
လူ တစ် ဦး က တစ် ဦး ကို ပြစ် မှား လျှင် ထာ ဝ ရ ဘု ရား သည် စုံ ရာ သ မာ ဓိ ဖြစ် တော် မူ၏။ ထာ ဝ ဘု ရား ကို ပြစ် မှား မူ မည် သူ ဖြန် ဖြေ နိုင် သ နည်း ဟု ဆို သော် လည်း ထာ ဝ ရ ဘု ရား သည် အ ဆုံး စီ ရင် တော် မူ လို သည့် အ လျောက် အ ဘ စ ကား ကို မ လိုက် မ နာ ကြ လေ။