လာ ကြ၊ ဆင်း သက် ကြ ကုန် အံ့။ အ ချင်း ချင်း နား မ လည် စေ ခြင်း ငှါ ၎င်း တို့ ဘာ သာ စ ကား ကို ထို အ ရပ် တွင် ပင် ကွဲ ပြား ရှုပ် ထွေး စေ အံ့ ဟု မိန့် တော် မူ ၏။
ဒေသနာကျမ်း။ 2:1 - Garrad Bible ၎င်း ပြင် ငါ က၊ ရွှင် လန်း ခြင်း အား ဖြင့် ကိုယ် ကို စမ်း သပ်၍၊ အ ကောင်း စား ရ မည် ဟု အောက် မေ့ ရာ တွင်၊ ထို အ ရာ လည်း၊ အ န တ္တ ဖြစ် လေ စွ။ Common Language Bible တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့ဟု ဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ Judson Bible တစ်ဖန် ငါသည် ကိုယ်စိတ်နှလုံးထဲမှာပြောသည်ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ ပျော်မွေ့လော့ဟုဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ငါ့စိတ်နှလုံးအား “ယခုလာလော့။ အပျော်အပါးအားဖြင့် သင့်ကို ငါစမ်းသပ်မည်။ ကောင်းသောအရာကိုလည်း ခံစားသိရှိလော့”ဟု မြွက်ဆို၏။ သို့ရာတွင် ကြည့်ရှုလော့။ ထိုအမှုအရာသည်လည်း အချည်းနှီးဖြစ်၏။ |
လာ ကြ၊ ဆင်း သက် ကြ ကုန် အံ့။ အ ချင်း ချင်း နား မ လည် စေ ခြင်း ငှါ ၎င်း တို့ ဘာ သာ စ ကား ကို ထို အ ရပ် တွင် ပင် ကွဲ ပြား ရှုပ် ထွေး စေ အံ့ ဟု မိန့် တော် မူ ၏။
ရှု ရိ ဘု ရင် က သွား လော့။ ဣ သ ရေ လ ဘု ရင့် ထံ အ မှာ တော် စာ ပေး လိုက် မည် ဟု အ မိန့် ရှိ သည့် အ တိုင်း နေ မန် သည် ငွေ ချိန် ခွက် သုံး ရာ၊ ရွှေ ဒ င်္ဂါး ခြောက် ထောင်၊ အ ဝတ် ဆယ် စုံ များ ကို ယူ ဆောင် ထွက် သွား၏။
ဘု ရား သ ခင် မ ရှိ ဟု၊ ယုတ် မာ သူ တို့ သည် စိတ် တွင် အောက် မေ့၍၊ ဖောက် ပြန် လျက် စက် ဆုပ် စွာ ပြု ကျင့် ကြ ပြီ။ အ ကောင်း ပြု ကျင့် သူ တစ် ယောက် မျှ မ ရှိ။
ငါ့ မျက် နှာ ကို ရှာ ကြ လော့ ဟူ သော ဗျာ ဒိတ် တော် အ တိုင်း၊ အ ကျွန်ုပ် စိတ် နှ လုံး က၊ အို ထာ ဝ ရ ဘု ရား၊ မျက် နှာ တော် ကို အကျွန်ုပ် ရှာ ဖွေ ပါ မည် ဟု အောက် မေ့၍ ဆို၏။
ရယ် စဉ် အ ခါ၌ ပင်၊ စိတ် ညှိုး ခြင်း ဖြစ် တတ်၏။ ရွှင် လန်း ခြင်း၏ အ ဆုံး လည်း၊ ဒု က္ခ နှင့် မ ကင်း ချေ။
အ ချင်း လု လင်၊ နု ပျို ခြင်း ကြောင့် ဝမ်း မြောက် လျက်၊ ပျို ရွယ် သော ကာ လ၌ စိတ် ရွှင် လန်း၍၊ မျက် စိ မြင် သည့် အ လျောက်၊ စိတ် ရှိ ရာ လမ်း လျှောက် လော့။ သို့ ရာ တွင် ထို အ ရာ ရှိ သ မျှ နှင့် စပ် လျဉ်း၍၊ သင့် ကို ဘု ရား သ ခင် စီ ရင် ဆုံး ဖြတ် တော် မူ မည် ကို သိ မှတ် လော့။
စ က္ခု အာ ရုံ တစ် စုံ တစ် ခု ကို မျှ ငါ မ ငြင်း၊ အ လုပ် အ ကိုင် သည် ကိုယ် ကျိုး ဖြစ် သည် နှင့်၊ လုပ် ကိုင် သ မျှ အ တွက် ငါ ရွှင် လန်း ၍၊ စိတ် ရွှင် လန်း ရာ အ ကြောင်း တစ် စုံ တစ် ခု ကို မျှ ငါ မ ပယ်။
ငါ က၊ လူ မိုက်၌ ဖြစ် ပျက် သ ကဲ့ သို့၊ ငါ၌ လည်း ဖြစ် ပျက် ခဲ့ မူ၊ မည် သည့် အ ကြောင်း ကြောင့် ထူး မြတ် သော ပ ညာ ရှိ သ နည်း ဟူ ၍ လည်း ကောင်း၊ ပ ညာ ရှိ ခြင်း လည်း အ န တ္တ ဖြစ် သည် ဟူ ၍ လည်း ကောင်း၊ အောက် မေ့ လေ ၏။
ပ ညာ ရှိ တို့၏ စိတ် နှ လုံး သည်၊ အ သု ဘ အိမ်၌ တည် လျက်၊ လူ မိုက် တို့၏ စိတ် နှ လုံး ကား၊ ပျော် ပါး ရာ အိမ်၌ တည် လျက် ရှိ၏။
ထို အ ခါ၊ စား သောက်၍ ရွှင် လန်း သည် ထက်၊ လူ တို့၌ ကောင်း မြတ် သော အ ရာ တစ် စုံ တစ် ခု မျှ နေ အောက် တွင် မ ရှိ သော ကြောင့် လည်း ကောင်း၊ ထို သို့ သော အ ရာ သည်၊ ဘု ရား သ ခင် ပေး တော် မူ သည့် အ တိုင်း၊ နေ အောက် တွင် လုပ် ကိုင် ရန် အ သက် တာ၌ တည် မြဲ မည် ဖြစ် သော ကြောင့် လည်း ကောင်း၊ ရွှင် လန်း ခြင်း ကို ကောင်း လေ စွ ဟု ငါ ဆို ၏။
ယ ခု ပင် ဥ ယျာဉ် ပြု လုပ် မည့် အ မှု ကို ငါ ဖော် ပြ ဦး မည်။ စည်း ရိုး ကို ပယ်၍ ကျက် စား ရာ၊ အုတ် ရိုး ကို ဖျက်၍ ကျော် နင်း ရာ အ ဖြစ် ဖြင့်၊
မီး ကို မွှေး၍ ကိုယ် ကို မီး ကျီး များ နှင့် ဝန်း ရံ သော သူ အ ပေါင်း တို့၊ ကိုယ့် မီး လျှံ တွင်း သို့ လည်း ကောင်း၊ ကိုယ် မွေး သော မီး ကျီး တွင်း သို့ လည်း ကောင်း၊ ဝင် သွား ကြ လော့။ ငါ့ လက် မှ ခံ ရ သော အ ကျိုး ဆက် ကား ဝေ ဒ နာ ခံ စား ရာ၌ အိပ် လဲ ရ ခြင်း တည်း။
အ ရှင် ထာ ဝ ရ ဘု ရား သည် ငါ့ နား ကို ဖွင့် တော် မူ၍၊ ငါ လည်း မ ငြင်း မ ဆန်၊ မ ဖောက် မ ပြန် ချေ။
အ ချင်း ဝိ ညာဉ်၊ နှစ် များ စွာ အ ဖို့ သင့် ဝမ်း စာ အ သီး အ နှံ အ များ သွင်း ထား ပြီ။ သာ ယာ စွာ နေ၍ စား သောက် ပျော် မွေ့ လော့ ဟု ကိုယ့် ဝိ ညာဉ် အား ဆို မည် ဟူ၍ ပြ ဌာန်း သော်၊
သူ ဌေး တစ် ဦး သည် က မ္ပ လာ နီ နှင့် ပိတ် ချော ကို ဝတ် ဆင် လျက် နေ့ စဉ် ပျော် မွေ့ စွာ နေ ထိုင် ရာ အ နာ များ စွာ ပေါက် သော၊
သူ ဌေး သည် မ ရ ဏာ့ နိုင် ငံ တွင် ပြင်း ပြ စွာ ခံ နေ ရ သ ဖြင့် မြော် ကြည့် လျှင် အာ ဗြ ဟံ ကို လည်း ကောင်း၊ ရင် ခွင် ရှိ လာ ဇ ရု ကို လည်း ကောင်း အ ဝေး က မြင် သော်၊
ငါ တို့ လည်း အ ထက် က မိုက် မဲ သူ၊ မ လိုက် နာ သူ၊ လှည့် စား ခံ ရ သူ၊ တပ် မက် ခြင်း၊ ပျော် မွေ့ ခြင်း၊ အ မျိုး မျိုး အောက် ကျွန် ခံ သူ၊ ယုတ် မာ ခြင်း၊ ငြူ စူ ခြင်း၌ ကျင် လည် သူ၊ ရွံ့ ရှာ ဖွယ် သူ၊ အ ချင်း ချင်း မုန်း ထား သူ များ ဖြစ် ကြ ရာ၊
နက် ဖြန် မည် သို့ ဖြစ် မည် မ သိ ဘဲ လျက် ယ နေ့ ဖြစ် စေ၊ နက် ဖြန် ဖြစ် စေ၊ ထို ထို မြို့ သို့ သွား၍ တစ် နှစ် နေ ခိုက် အ မြတ် အ စွန်း ရ အောင် ကူး သန်း ရောင်း ဝယ် မည် ဟု ပြော ဆို သူ အ ချင်း တို့၊ သင် တို့ အ သက် ကား မည် သို့ နည်း။ သင် တို့ သည် တစ် ခ ဏ မျှ ထင် ပေါ်၍ ပျောက် လွင့် တတ် သော အ ခိုး အ ငွေ့ သ ဖွယ် ဖြစ် ၏။
အ ချင်း သူ ကြွယ် တို့၊ သင် တို့ အ ပေါ် သို့ ရောက် လ တ္တံ့ သော ဆင်း ရဲ ဒု က္ခ များ ကြောင့်၊ ငို ကြွေး မြည် တမ်း ကြ လော့။
သင် တို့ သည် မြေ ကြီး ပေါ် တွင် အ စား အ သောက်၊ အ ပျော် အ ပါး ကြူး လျက် ကွပ် မျက် ခံ ရာ နေ့ ရက် တွင် ပင် ချင် ရဲ ဖြေ ကြ ပြီ။