ယေ ရု ရှ လင် မြို့ ကို ငါ့ လက် တွင်း မှ ထာ ဝ ရ ဘု ရား လွတ် မြောက် စေ ရန် တိုင်း ပြည် များ ရှင် ဘု ရား တို့ အ နက် ကိုယ့် ပြည် ကို မည် သည့် ဘု ရား လွတ် မြောက် စေ ဘူး သ နည်း ဟု ထုတ် ဆင့် ကြွေး ကြော် ရာ
ထွက်မြောက် 5:2 - Garrad Bible ဖာ ရော မင်း က၊ ထာ ဝ ရ ဘု ရား၏ အ မိန့် သံ ကို နာ ခံ ၍ ဣ သ ရေ လ လူ မျိုး ကို ငါ လွှတ် စေ ရန် ထို ဘု ရား ကား အ သူ နည်း။ ထာ ဝ ရ ဘု ရား ကို ငါ မ သိ၊ ဣ သ ရေ လ လူ မျိုး ကို လည်း ငါ မ လွှတ် ဟု ဆို လေ ၏။ Common Language Bible ဖာရောဘုရင်က``ထိုဘုရားသည်မည်သူနည်း။ ငါသည်အဘယ်ကြောင့်ထိုဘုရား၏စကား ကိုနာခံလျက် ဣသရေလအမျိုးသားတို့ကို လွှတ်ရမည်နည်း။ ငါသည်ထိုဘုရားကိုမသိ သဖြင့်ဣသရေလအမျိုးသားတို့ကိုမ လွှတ်နိုင်'' ဟုဆိုလေ၏။ Judson Bible ဖာရောမင်းကလည်း၊ ထာဝရဘုရား၏စကားကိုနားထောင်၍၊ ဣသရေလအမျိုးသားတို့ကို ငါလွှတ်စေခြင်းငှာ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရားကို ငါမသိ၊ ဣသရေလအမျိုးသားတို့ကို ငါမလွှတ်ဟု ဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဖာရောမင်းကြီးက “ထာဝရဘုရား၏စကားကိုနားထောင်၍ အစ္စရေးလူမျိုးတို့ကို ငါလွှတ်ရမည့်အကြောင်း ထာဝရဘုရားကား မည်သူနည်း။ ထာဝရဘုရားကို ငါမသိ။ အစ္စရေးလူမျိုးတို့ကိုလည်း ငါမလွှတ်”ဟု ဆိုလေ၏။ |
ယေ ရု ရှ လင် မြို့ ကို ငါ့ လက် တွင်း မှ ထာ ဝ ရ ဘု ရား လွတ် မြောက် စေ ရန် တိုင်း ပြည် များ ရှင် ဘု ရား တို့ အ နက် ကိုယ့် ပြည် ကို မည် သည့် ဘု ရား လွတ် မြောက် စေ ဘူး သ နည်း ဟု ထုတ် ဆင့် ကြွေး ကြော် ရာ
သင် တို့ ကို ငါ့ လက် တွင်း မှ ထာ ဝ ရ ဘု ရား လွတ် မြောက် နိုင် စေ ရန်၊ ဘေး တော် ဘိုး တော် တို့ မြေ လှန် ခဲ့ သော လူ မျိုး ခြား တို့ ဘု ရား များ အ နက်၊ ကိုယ့် လူ မျိုး ကို မည် သည့် ဘု ရား လွတ် မြောက် စေ ဘူး သ နည်း။
ယ ခု မှာ၊ ဟေ ဇ ကိ မင်း ထို သို့ သွေး ဆောင် လှည့် ဖြား သည် ကို နား မ ရောင် ကြ နှင့်။ ဘေး တော် ဘိုး တော် တို့ လက် တွင်း မှ လည်း ကောင်း၊ ငါ့ လက် တွင်း မှလည်း ကောင်း၊ မည် သည့် လူ မျိုး၊ မည် သည့် နိုင် ငံ ရှင် ဘု ရား မျှ၊ ကိုယ့် လူ မျိုး ကို မ လွတ် မြောက် စေ နိုင် သည် မှန် လျှင်၊ သင် တို့ ဘု ရား သည်၊ သင် တို့ ကို မည် သို့ လွတ် မြောက် စေ နိုင် မည် နည်း ဟု ပြန် ဆို ပြီး သော်၊
လူ့ လက် ဖြစ် နိုင် ငံ ခြား ဘု ရား များ ကို ကဲ့ ရဲ့ သည့် နည်း တူ၊ ယေ ရု ရှ လင် မြို့ ဘု ရား သ ခင် ကို ကဲ့ ရဲ့ ကြ ၏။
ဖာ ရော မင်း နှင့် တ ကွ၊ ကျေး ကျွန် သင်း ပင်း၊ ပြည် သူ ပြည် သား တို့ ထောင် လွှား ဖိ စီး ကြ သည် ကို သိ မြင် တော် မူ သည့် အ တိုင်း၊ ထို သူ တို့ အ ပေါ်၌ သက် သေ နိ မိတ် လ က္ခ ဏာ များ ကို ပြ လျက်၊ ယ ခု ရှိ သော ဘွဲ့ နာ မ ကို ထင် ပေါ် စေ တော် မူ ပါ၏။
အ သို့ ဆို သော်၊ ထို သူ သည် ဘု ရား သ ခင် တစ် ဘက်၌ လက် ရုံး ဆန့် လျက်၊ အ န န္တ တန် ခိုး ရှင် နှင့် ဆန့် ကျင် ဘက် ရဲ ဝံ့ ခဲ့ ပြီ။
လည် ပင်း ခိုင် မာ၍ ထူ ထပ် သော ဒိုင်း လွှား ဦး ဖြင့် ကွယ် ကာ လျက်၊ ကိုယ် တော် ကို ဆီး ကြို ပြေး ဝင် လေ ပြီ။
အ န န္တ တန် ခိုး ရှင် သည်၊ မည် သို့ သော သူ ဖြစ်၍ ငါ တို့ ဝတ် ပြု ရ အံ့ နည်း။ မည် သည့် အ ကျိုး ကို ရ၍ တောင်း ပန် ရ အံ့ နည်း ဟု ဆို တတ် ကြ၏။
မျက် နှာ မော် မောက် လျက်၊ စစ် ဆေး တော် မ မူ ဟူ၍ လည်း ကောင်း၊ ဘု ရား မ ရှိ ဟူ၍ လည်း ကောင်း၊ အ ခါ ခပ် သိမ်း အောက် မေ့ တတ် ပါ ၏။
ထာ ဝ ရ ဘု ရား က၊ ဆင်း ရဲ သား တို့ ကို လု ယက် ခြင်း၊ နွမ်း ပါး သူ တို့ ညည်း တွား ခြင်း အ တွက်၊ ယ ခု ငါ ထ၍၊ တောင့် တ ကြ သော လုံ ခြုံ ရာ ၌ ကွယ် ကာ မည် ဟု မိန့် တော် မူ ၏။
ဘု ရား သ ခင် မ ရှိ ဟု၊ ယုတ် မာ သူ တို့ သည် စိတ် တွင် အောက် မေ့၍၊ ဖောက် ပြန် လျက် စက် ဆုပ် စွာ ပြု ကျင့် ကြ ပြီ။ အ ကောင်း ပြု ကျင့် သူ တစ် ယောက် မျှ မ ရှိ။
အိ ဂျစ် ဘု ရင် သည် အား ကြီး သော လက် ရုံး တော် ဒဏ် ခံ ရ လျက် ပင် သွား ခွင့် မ ပေး အံ့ သည် ကို ငါ သိ ၏။
ငါ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သင် သိ ရ မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊ ကျွန် တော် ကိုင် သော တောင် ဝေး ဖြင့် မြစ်ရေ ကို ရိုက်၍ ထို ရေ သည် သွေး ဖြစ် လိမ့် မည်။
သို့ မ ဟုတ်၊ အ ကျွန်ုပ် သည် ကြွယ် ဝ၍၊ ထာ ဝ ရ ဘု ရား ကား မည် သူ နည်း ဟု ဆို လျက်၊ ကိုယ် တော် အား ငြင်း ပယ် မည် ကို သော်လည်း ကောင်း၊ နွမ်း ပါး သ ဖြင့် ခိုး စား မိ လျက်၊ အ ကျွန်ုပ်၏ ဘု ရား သ ခင့် နာ မ တော် အား ရှုတ် ချ မည် ကို သော်လည်း ကောင်း၊ စိုး ရိမ် ပါ၏။
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို နား မ ထောင် ဘဲ လျက်၊ ဤ ပြည် တွင် ငါ တို့ မ နေ ဟူ ၍ လည်း ကောင်း၊
မော ဘ သည် ထာ ဝ ရ ဘု ရား တစ် ဘက်၌ မောက် ကြွား သော ကြောင့်၊ ကိုယ့် အန် ဖတ် တွင် လူး လဲ လျက်၊ လှောင် ပြောင် ခံ ရ သည့် တိုင် အောင်၊ မူး ယစ် စေ ကြ လော့။
ယ ခု၊ တံ ပိုး ခ ရာ၊ စောင်း၊ တ ရော၊ ပတ် သာ၊ ပြွေ အ စ ရှိ သော တု ရိ ယာ အ မျိုး မျိုး တီး မှုတ် သံ ကို ကြား သော အ ခါ ငါ လုပ် စေ သော ရွှေ ရုပ် တု ကို သင် တို့ ပျပ် ဝပ် ရှိ ခိုး မည့် ဝန် ခံ လျှင် သင့် လျော် ပြီ။ ရှိ မ ခိုး လျှင် မူ ကား တောက် လောင် သော မီး ပုံ ထဲ သို့ ချက် ခြင်း ပစ် ချ ခံ ကြ ရ မည်။ ငါ့ လက် မှ ကယ် လွှတ် နိုင် သော ဘု ရား ကား မည် သည့် ဘု ရား နည်း ဟု မိန့် ဆို လေ၏။
ထို သူ တို့ သည် ဘု ရား သ ခင် အား သိ ကျွမ်း ရ ခွင့် ကို သ ဘော မ ကျ ဘဲ နေ ကြ သည့် နည်း တူ၊ ဘု ရား သ ခင် လည်း၊ မ သင့် မ လျော် ရာ များ ကို ပြု ကြ စေ ရန် သ ဘော တော် မ ကျ သော စိတ် သို့ အပ် လိုက် တော် မူ သ ဖြင့်၊
ထို တစ် ဆက် လုံး လည်း ဘိုး ဘေး တို့ ထံ ရောက် ကြ ပြီး နောက် ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ဣ သ ရေ လ အ မျိုး သား တို့ အ ဖို့ စီ ရင် တော် မူ သော အ မှု ကို လည်း ကောင်း၊ မ သိ သော တစ် ဆက် ပေါ် ပေါက် လာ သ တည်း။
ဧ လိ သား တို့ သည် တ ရား မဲ့ သူ တို့ ဖြစ်၍ ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ကိုး ကွယ် သူ တို့ အား ပ ရော ဟိတ် ပြု အပ် သော ထုံး ကို လည်း ကောင်း၊ မ မှတ် ဘဲ မည် သူ မ ဆို ပူ ဇော် သော အ ခါ အ မဲ သား ပြုတ် စဉ် တွင် သုံး ခွ ရှိ ခက် ရင်း ကို ကိုင် ဆောင် သော ပ ရော ဟိတ်၏ ငယ် သား လာ ရောက်၍
နာ ဗ လ က လည်း၊ ဒါ ဝိဒ် ဆို သူ ကား မည် သူ နည်း၊ ယေ ရှဲ သား ဆို သူ ကား မည် သူ နည်း။ ယ ခု သ မ ယ တွင် အ ရှင့် ထံ မှ ထွက် ပြေး သော ကျွန် များ စွာ ရှိ ပါ တ ကား။